လီဗီ ကိုးဝဲလ်ကို ရမယ်ဆိုရင် လီဗာပူးအတွက် ပြောင်းရွှေ့ကြေးဟာ ပြဿနာ မဟုတ်

လီဗာပူးအသင်းဟာ ဒီနွေမှာ ဝုဒ်ဘတ် ခံစစ်မှူး ဗန်ဒီဗန်အတွက် စပါးအသင်းနဲ့ ယှဉ်ပြိုင်သွားမှာ မဟုတ်ပါဘူး။ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ လီဗာပူးရဲ့ ပစ်မှတ်စာရင်းထဲ မပါတော့ပါဘူး။

ဒီတလောမှာ ခံစစ်မှူးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လီဗာပူးဘက်က စုံစမ်းခဲ့ပေမယ့်လို့ နယ်သာလန်သားကို ခေါ်ယူရေးမှာ မပါဖို့ အသင်းဘက်က ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။ ခံစစ်အတွက် လီဗာပူး သဘောကျနေသူဟာ တစ်ဦးတည်း ရှိတော့တယ်လို့ နားလည်ရပါတယ်။

လီဗာပူး သတင်းထောက် David Lynch ကတော့ စပို့တင်းမှ ခံစစ်မှူး အန်နာဆီယိုဟာလည်း ဒီနွေမှာ အသင်းခေါ်ယူလိုတဲ့ ကစားသမား စာရင်းထဲ မပါတော့ဘူးလို့ ပြောပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမယ် ဆိုတာတော့ မှန်းဆရ ခက်ခဲပါတယ်။

လီဗာပူးအသင်း အလိုရှိတဲ့ တစ်ဦးတည်းသော ခံစစ်မှူးက လီဗီ ကိုးဝဲလ်ပဲ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ခံစစ်မှူးကို လီဗာပူးဘက်က အတော်လေး အကြိုက်တွေ့ကာ ချယ်ဆီးအသင်းထံ အသင်းပြောင်းလိုကြောင်း သူ့ဘက်က တောင်းဆိုမှာမျိုးကို အသင်းဘက်က သဘောကျပါလိမ့်မယ်။

သတင်းထောက် Neil Jones ကတော့ ပေါင် သန်း ၁၀၀ လို ရူးလောက်တဲ့ ပြောင်းရွှေ့ကြေးမျိုး ချယ်ဆီးအသင်း မတောင်းဆိုသ၍ လီဗီ ကိုးဝဲလ်ကို ခေါ်ယူဖို့မှာ လီဗာပူးအတွက် ငွေကြေးဟာ ပြဿနာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အသင်းက ကိုးဝဲလ်ကို အရမ်း သဘောကျနေတာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ တစ်ခုတည်းသော ခံစစ်ပစ်မှတ်ဟာ လီဗီ ကိုးဝဲလ်ဖြစ်ပြီး လာမယ့် အပတ်တွေမှာ အခြေအနေ ထူးခြားလာနိုင်ပါတယ်။