

ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ဘက်က ကမ်းလှမ်းမှုကို နားထောင်သွားဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူဟာ သူ့ဘဝရဲ့ အပြောင်းအလဲ တစ်ခုကို ရင်ဆိုင်ဖို့ ကလပ်ကို တောင်းဆိုမယ်ဆိုရင် လီဗာပူးက ဆော်ဒီကလပ်နဲ့ စကားပြောပါမယ်။
ဆော်ဒီကလပ်ဘက်က ဟန်ဒါဆန်ကို တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းဖြင့် ကမ်းလှမ်းခြင်းဖြစ်ကာ ကွင်းလယ်လူက မကြာခင်မှာ နည်းပြယာဂင်ကလော့ပ်နဲ့ စကားပြောမှု လုပ်ပါတော့မယ်။
လီဗာပူးအသင်းဟာ စီနီယာ ကွင်းလယ်လူ တစ်ဦးဦး ထွက်ခွာပါက ကွင်းလယ် လူသစ် အစားထိုးဖို့ အစီအစဉ် ရှိထားပါတယ်။ နောက်ထပ် ခေါ်ယူမယ့် ကစားသမားက လူငယ်တန်းထဲက ဖြစ်လာဖို့ရှိကာ ဆောက်သမ်တန်မှ လာဗီယာက ရေပန်းအစားဆုံး ဖြစ်ပါတယ်။
သူ့အုပ်စုရဲ့ အပြေးလေ့ကျင့်ရေးမှာ အောင်နိုင်ခဲ့သူဟာ ဒေါမနစ်ဖြစ်ကြောင်း ဂျိုတာက ထုတ်ပြောလာခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာဆိုရင် မက်ကယ်လစ္စတာက အတော်လေး အရည်အချင်းရှိတယ်လို့ သူက ပြောပါတယ်။
လီဗာပူးအသင်း လေ့ကျင့်ရေးမှာ အလက်ဆစ်နဲ့ ဒေါမနစ်တို့ရဲ့ ကောင်းသတင်းတွေ ပျံ့နေပါတယ်။ အသင်းဖော်တွေကလည်း သူတို့ နှစ်ဦးရဲ့ လုပ်နိုင်စွမ်းတွေကို အထင်ကြီးနေကြတယ်လို့ သိရပါတယ်။
သီယေဂိုကို ဆော်ဒီနဲ့ တူရကီကလပ်တွေဘက်က ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ စပိန်သားကတော့ သူ့ရဲ့ လက်ကျန် စာချုပ် ၁ နှစ်ကို လီဗာပူးမှာပဲ ကုန်ဆုံးလိုနေကာ အသင်းမပြောင်းဖို့ ဖြစ်နိုင်ချေ များပါတယ်။
ဒီနွေမှာ ဗဟိုခံစစ်မှူး ခေါ်ယူဖို့ လီဗာပူးဘက်က ချယ်ဆီးအသင်းမှ လီဗီ ကိုးဝဲလ်ကို ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီက ဘေးကနေ အမြဲတမ်း ပါဝင်နေပြီး အသင်းသားတွေကို စောင့်ကြည့်နေပါတယ်။
ဒီနွေမှာ နက်ဖီးလစ်ကို ရောင်းထုတ်လိုတယ်ဆိုရင် လီဗာပူးအသင်းဘက်က ပေါင် ၁၀ သန်းထက် ပိုနည်းတဲ့ ပြောင်းရွှေ့ကြေးမျိုး စျေးချပေးဖို့ လိုအပ်နေပါတယ်။