ဟန်ဒါဆန် ဝေဖန်ခံနေရခြင်း၊ ဖာဘင်ညို အပြင် ကလယ်ဟာအတွက် ကမ်းလှမ်းမှုပါ ရဖွယ် ရှိခြင်း၊ ဂယ်ရီလို့ နာမည်ပြောင်ရတဲ့ မက်ကယ်လစ္စတာနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

အလက်ဆစ် မက်ကယ်လစ္စတာရဲ့ နာမည်ပြောင်ကို ဂယ်ရီလို့ ပေးမှာဖြစ်ကြောင်း နည်းပြကလော့ပ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၁ တုန်းက လီဗာပူးအသင်းနဲ့အတူ ဖလား ၃ လုံးအောင်မြင်ခဲ့တဲ့ ဂယ်ရီ မက်အယ်လစ္စတာရဲ့ နာမည်ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

ဒါဝင် နူးညက်က ကျောနံပါတ် ၉ ဝတ်ဆင်ရတာကို ဂုဏ်ယူကြောင်းနဲ့ ဒီနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့ ယခင် တိုက်စစ်မှူးကောင်းတွေလို ခြေစွမ်းပြနိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ထရန့်ဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ဆံပင်ကေကို ပြန်ပြောင်းလိုက်တာမို့ အောင်မြင်မှုအတွက် အလှအပ ရေးရာတွေကို စတေးခံမယ့် သဘောဖြစ်ကာ သိပ်သဘောကျတယ်လို့ ကလော့ပ်က မှတ်ချက်ပေးလာပါတယ်။

ဟန်ဒါဆန်က ဆော်ဒီထံ ပြောင်းဖို့ အလေးသာနေပေမယ့် ဖာဘင်ညို အခြေအနေက အခုထိ တိုးတက်တဲ့ အခြေအနေမျိုးထိ မရောက်သေးပါဘူး။ ကလပ် နှစ်သင်းလုံးဟာ လီဗာပူးအသင်းနဲ့ တိုက်ရိုက် စကားပြောခြင်း မရှိသေးပါဘူး။

ဆော်ဒီကို မပြောင်းဖို့ ဟန်ဒါဆန်ကို လီဗာပူး အားပေးသူများ LGBT အဖွဲ့တွေက တိုက်တွန်းနေပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့ရင် ဟန်ဒါဆန်ဟာ အင်္ဂလန် ဘောလုံး အသိုင်းအဝိုင်းရဲ့ ဝေဖန်ခြင်းကို ပြင်းထန်စွာ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို လက်လွတ်ရရင် လီဗာပူးပရိသတ်တွေက ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီကို ခေါ်ယူစေချင်ပါတယ်။ ဒီနွေမှာပဲ လီဗာပူးဘက်က ရီးရဲလ်မက်ဒရစ်ထံ ချဉ်းကပ်မှု လုပ်ခဲ့ပေမယ့် ပြင်သစ်သားက ရောင်းရန် မဟုတ်လို့ အကြောင်းပြန်ခြင်းကို ရခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ရှာဖွေဖွယ် ရှိနေပေမယ့် အတိတ်က ခေါ်ယူမှုတွေအရ နာမည်ထွက်နေတဲ့ ကစားသမားတွေတင် မဟုတ်ဘဲ စျေးကွက်မှာ မှန်ကန်တဲ့ ကစားသမားဆိုရင် အပြောင်းအရွှေ့ ခပ်မြန်မြန် ဖြစ်မြောက်နိုင်ပါတယ်။

ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ မိန့်အသင်းထံ တစ်ရာသီ အငှားဖြင့် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဝုဗ်အသင်းက ပေါင် သန်း ၂၀ ကျော် လီဗာပူးအသင်း စျေးသတ်မှတ်ထားတဲ့ ဂိုးသမား ကလယ်ဟာအတွက် ကမ်းလှမ်းမှု ဝင်ဖို့ စဉ်စားနေပါတယ်။