

လီဗာပူးအသင်းဟာ လာဗီယာကို ခေါ်ယူဖို့ အသုံးစရိတ် အလုံအလောက် ရှိထားတာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့အတွက်ဆိုကာ ကွင်းလယ်လူတွေ ရောင်းချနေဖို့ မလိုအပ်ပါဘူး။
ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကို ဆော်ဒီကလပ်တွေဘက်က ခေါ်ယူလိုပေမယ့် အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှုတော့ မရှိသေးဘဲ ကစားသမားဘက်တွေနဲ့ ညိနှိုင်းမှု လုပ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဂျာမနီကို ထွက်ခွာမယ့် လီဗာပူး လူစာရင်းမှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ ပါဝင်သွားပါမယ်။ သူတို့ နှစ်ဦးနဲ့ ပတ်သက်လို့ အပြောင်းအရွှေ့ ဖော်ပြမှုတွေ အမျိုးစုံအောင် ထွက်နေပေမယ့် ကစားသမားတွေက ရာသီသစ်အတွက် အပြည့်အဝ အာရုံစိုက်နေကြဆဲ ဖြစ်ပါတယ်။
အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီက ဂလတ်ဘတ် ကွင်းလယ်လူ မန်နူကူနေးကို ဟန်ဒါဆန် နေရာ အစားထိုးဖို့ သဘောကျနေပါတယ်။ ကွင်းလယ်လူဟာ ပြင်သစ် ယူ-၂၁ အသင်းနဲ့အတူ ဒဏ်ရာရလာတာမို့ ၂ လလောက် အနားယူရဖို့ ရှိနေသေးတာပါ။
အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ကာတစ်ဂျုံး၊ ဟာဗေးတို့ကို ပြိုင်ပွဲအတွင်း ဆက်သွယ်မှု ရှိခဲ့တယ်လို့ ကလော့ပ်က ထုတ်ပြောလာပြီး လူငယ် နှစ်ဦး အရွယ်ရောက် ရင့်ကျက်လာခြင်းအပေါ် နည်းပြကြီးက ကျေနပ်နေပါတယ်။
ဆိုဘိုစလိုင်အတွက် နယူးကာဆယ်နဲ့ လီဗာပူးကြား ရွေးချယ်ဖို့ဆိုတာက ဘယ်တုန်းကမှ ပြဿနာတစ်ခု မဟုတ်ခဲ့ပါဘူး။ သူဟာ အင်္ဂလန်ကို ရောက်လာချိန်မှာ ‘You Never Walk Alone’ တေးသွားကို နားစင်လာခဲ့ပါတယ်။
မိန့်အသင်းက ခံစစ်မှူး ဗန်ဒန်ဘတ်ကို တစ်ရာသီ အငှားခေါ်ယူပေမယ့် စာချုပ် ကုန်ချိန်မှာလည်း ဘွန်ဒက်လီဂါ ကလပ်မှာပဲ ဆက်ရှိနေမယ်လို့ ဖော်ပြခဲ့တာကြောင့် အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းခဲ့ဟန် ရှိပါတယ်။
ကလယ်ဟာကို ထွက်ခွင့်မပေးဘူးဆိုပြီး လီဗာပူးဘက်က လမ်းပတ် မထားပါဘူး။ သင့်လျော်တဲ့ ကမ်းလှမ်းမှု ရမယ်ဆိုရင် ပွဲကစားခွင့် ပိုရလိုနေတဲ့ ဂိုးသမားအတွက် ညိနှိုင်းမှုတွေ လုပ်ပေးသွားမှာပါ။
ကလော့ပ်က ဂျာမနီ လေ့ကျင့်ရေး အကြိုမှာ ကော်နာ ဘရတ်ဒလေ၊ ဗန်ဒုတ်နဲ့ ဘော်ဘီ ကလက်တို့ ၃ ဦးအတွက် လမ်းဖွင့်ပေးထားကြောင်း ထုတ်ပြောလာပါတယ်။