လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ မာဆေးဆိုဒ်ကနေ ဂျာမနီ အနောက်တောင်ဒေသ Baden-Württemberg ထံ ရာသီကြို ပြင်ဆင်ရေး ထွက်ခွာမှာ ဖြစ်ပါတယ်။
ဆော်ဒီကလပ်တွေဘက်က လီဗာပူး ကွင်းလယ်လူတွေအဖြစ် ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကို ခေါ်ယူရေး စိတ်ဝင်စားနေခဲ့ကာ ဒီအပတ်အတွင်း ကမ်းလှမ်းမှု ဝင်မယ်လို့ ကြိုသိထားရတာပါ။ ကြိုသိထားရတဲ့အတိုင်းပဲ ကွင်းလယ်လူ နှစ်ဦးထဲက ဖာဘင်ညိုအတွက် ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။
ဆော်ဒီကလပ် Al-Ittihad အသင်းဟာ ဖာဘင်ညိုအတွက် ပေါင် သန်း ၄၀ ဝန်းကျင် တန်ကြေးရှိ ကမ်းလှမ်းမှု ပို့ခဲ့တာကြောင့် အပြောင်းအရွှေ့ ညိနှိုင်းမှုတွေ ပြုလုပ်မှာပါ။ ဘရာဇီးသား ကိုယ်တိုင်က အသင်းပြောင်းလိုတာကြောင့် အပြောင်းအရွှေ့ အမြန်ဖြစ်မြောက်ပါမယ်။
ဟန်ဒါဆန်အတွက်တော့ တရားဝင် ကမ်းလှမ်းမှု မရသေးသလို နောက်ကွယ်က စျေးနှုန်း ညိနှိုင်းမှု အဆင်မပြေတဲ့ သဘောတွေ ကြားသိလာရပါတယ်။ ဟန်ဒါဆန်ကတော့ ဂျာမနီခရီးကို လိုက်ပါသွားမှာဖြစ်ကာ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အခွင့်အရေး လျော့နည်းခဲ့ပါပြီ။
ကလော့ပ်ဟာ အသင်းသား ၃၂ ဦးပါ လူစာရင်းကို ခေါ်ယူခဲ့ခြင်းဖြစ်ကာ ကစားသမားသစ်တွေဖြစ်တဲ့ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ ပါဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီနွေမှာ အသင်းပြောင်းမယ် သတင်းကြီးနေတဲ့ နက်ဖီးလစ်လည်း လိုက်ပါခဲ့ပါတယ်။
စီနီယာတွေထဲမှာတော့ ကြံ့ခိုင်မှု အနည်းငယ် ပြဿနာရှိတဲ့ သီယေဂိုနဲ့အတူ ဟန်ဒါဆန်လည်း လိုက်ပါသွားပါတယ်။ ဖာဘင်ညိုကတော့ ဆော်ဒီဘက်က အပြောင်းအရွှေ့ ကမ်းလှမ်းမှု လုပ်ခဲ့တာနဲ့အတူ ညိနှိုင်းမှုတွေ လုပ်တော့မှာမို့ ကျန်ရစ်ခဲ့ပါတယ်။
လူငယ်တွေထဲကတော့ ပီတာလူးဂါ၊ ဘရတ်ဒလေ၊ ကလက်၊ ဗန်ဒုတ်၊ ဖရန့်ဒေါ့၊ ဂျာရိုစ့်၊ ကူးမက်စ်၊ မက်ကော်နယ်၊ မရိုးဂျက်၊ ကွမ်းဆက်၊ စကန်လွန်တို့ ပါဝင်သွားခဲ့ပါတယ်။ အငှားက ပြန်လာတဲ့ မော်တန်နဲ့ ကြံ့ခိုင်မှု ပြဿနာရှိနေဆဲ တိုက်စစ်သမား ဂေါ်ဒန်တို့တော့ မပါဝင်ခဲ့ပါဘူး။
Liverpool name 32-man travelling party for Germany training camp
Alisson, Gomez, Van Dijk, Konate, Thiago, Diaz, Szoboszlai, Nunez, Mac Allister, Salah, Adrian, Henderson, Gakpo, Jota, Tsimikas, Robertson, Matip, Bajcetic, Phillips, Kelleher, Alexander-Arnold, Pitaluga, Bradley, Clark, Doak, Frauendorf, Jaros, Koumas, McConnell, Mrozek, Quansah, Scanlon.