NEWS: ဖာဘင်ညိုနေရာ အစားထိုးဖို့ ကယ်ဗင်ဖီးလစ်နဲ့ အတွေ့အကြုံရှိ ကွင်းလယ်လူကို လီဗာပူးအသင်း ခေါ်ယူလို

လီဗာပူးအသင်းဟာ အသင်းပြောင်းခွင့် တောင်းဆိုလာတဲ့ ဖာဘင်ညိုကို ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ထွက်ခွင့်ပေးဖွယ် ရှိနေကာ သူ့နေရာမှာ ပြန်အစားထိုးဖို့ လူသစ် ရှာနေပြီ ဖြစ်ပါတယ်။

သောကြာနေ့ညမှာ တရားဝင် ကမ်းလှမ်းမှု ဝင်ရောက်လာခြင်းကြောင့် လီဗာပူးဘက်က ဂျာမနီ ခရီးစဉ်ကနေ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ဖယ်ထုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဖာဘင်ညိုဟာ ဂျာမနီထံ ခရီးထွက်ဖို့ ငြင်းဆန်ခြင်း မရှိပေမယ့် ပုဂ္ဂိုလ်ရေး ကမ်းလှမ်းမှုကို လက်ခံထားခဲ့တာ ဖြစ်ပါတယ်။

ဖာဘင်ညို ထွက်ခွာသွာမှာနဲ့အတူ လီဗာပူးအသင်းဟာ ကွင်းလယ်ခံစစ် နေရာအတွက် အစားဖြည့်မှု ပြန်လုပ်ရတော့မှာပါ။ ဆောက်သမ်တန်က ပေါင် သန်း ၅၀ စျေးခေါ်ထားတဲ့ လာဗီယာကို စိတ်ဝင်စားမှု ရှိထားပါတယ်။

ကလော့ပ်ကတော့ ဖာဘင်ညို နေရာမှာ လူငယ် တစ်ဦးထက် အတွေ့အကြုံရှိ ကစားသမားမျိုး အလိုရှိနေပါတယ်။ ချယ်ဆီးထံ ရောက်ဖို့ နီးစပ်နေတဲ့ ကိုင်ဆီဒိုက အသင်း ပစ်မှတ်ထဲ မပါဝင်ပါဘူး။

ဒါပေမယ့် ဖီအိုရင်တီးနားမှ အမာရာဘတ်၊ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်နဲ့ မန်စီးတီးမှ ကယ်ဗင် ဖီးလစ်တို့ကို ချိန်ရွယ်လာခဲ့ကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းထောက် James Pearce က The Athletic ကနေ ဖော်ပြပါတယ်။

ဟန်ဒါဆန်ဟာ ဆော်ဒီကလပ် Al Ettifaq အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားခဲ့ကာ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး အဆင်မပြေခြင်းနဲ့အတူ ဂျာမနီခရီးကို လိုက်ပါသွားပါမယ်။

လီဗာပူးဘက်က ကလပ်နဲ့ စာချုပ် ၂ နှစ် ကျန်နေသေးတဲ့ ဟန်ဒါဆန်ကို အလွတ်နဲ့ ထွက်ခွင့်ပေးရင် ဒါမှမဟုတ် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ထက် လျော့ယူပေးရင် အပြောင်းအရွှေ့ ဖြစ်နိုင်ပါတယ်။