လီဗာပူးအသင်းဟာ ဂျာမနီကို ရောက်ရှိသွားပြီဖြစ်ကာ ရာသီကြို လေ့ကျင့်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ကွင်းလယ်ခံစစ်အတွက် လီဗာပူး စောင့်ကြည့်စာရင်းမှာ ဘင်ဖီကာမှ ဖလော်ရန်တီနို လူးဝစ် ပါဝင်တယ်လို့ သတင်းထောက် Neil Jones က ဆိုပါတယ်။
ဖာဘင်ညိုအတွက် ဆော်ဒီကလပ်ထံက ကမ်းလှမ်းမှုကြီး တစ်ခုကို လီဗာပူးအသင်း လက်ခံရရှိခဲ့ပြီး ကစားသမားဘက်က အသင်းပြောင်းလိုခြင်းနဲ့အတူ အခုချိန်မှာ ဆေးစစ်မှု ခံယူဖို့အတွက်ပါ ခွင့်ပြုပေးလိုက်ပါပြီ။
ကိုင်ဆီဒိုဟာ ချယ်ဆီးအသင်းထံ ပြောင်းဖို့ပဲ စိတ်အားထက်သန်နေတာနဲ့အတူ ဒီအပြောင်းအရွှေ့က ဖြစ်မြောက်လာမှာမို့ ကွင်းလယ်လူ ခေါ်ယူရေး လီဗာပူးဘက်က ဝင်ပါတော့မှာ မဟုတ်ပါဘူး။
ကလော့ပ်က တစ်စုံတစ်ယောက်က လီဗာပူးလိုအသင်းကနေ ထွက်လိုတယ်ဆိုရင် သူနားမလည်နိုင်အောင် ဖြစ်ရပေမယ့် ဘယ်တော့မှ တားဆီးမှာ မဟုတ်ဘူးလို့ ပြောထားပြီး ဖြစ်ပါတယ်။
ဆိုဘိုစလိုင်ရဲ့ အေးဂျင့်က ကွင်းလယ်လူကို စကားစပြောစဉ်မှာ လီဗာပူးအသင်းဟာ သူ့နဲ့ ပတ်သက်ပြီး အရာရာကို သိနေကြောင်းနဲ့ ဒီအပြောင်းအရွှေ့ မဖြစ်ခင် ဆယ်ကျော်သက်ထဲက ကစားသမားကို အသေးစိတ် စောင့်ကြည့်နေခဲ့တာလို့ ဆိုပါတယ်။
ညာခြမ်း ကစားသမား ဘရတ်ဒလေက သူဟာ ယခင်တစ်ကြိမ် လီဗာပူးနဲ့ ပူးပေါင်းစဉ်ကထက် အများကြီး ပိုတိုးတက်လာပြီဖြစ်ကာ ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်မှာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။
ကီဗင်ဖီးလစ်နဲ့ အပြောင်းအရွှေ့ သတင်းထွက်ပေါ်လာခြင်းကို များစွာသော လီဗာပူး ပရိသတ်တွေက ပေါက်ကွဲခဲ့ကြပါတယ်။ ဖာဘင်ညိုနေရာ ဖီးလစ်ကို ခေါ်မယ်ဆိုရင် တိုးတက်တာ မဟုတ်ဘဲ ဆုတ်ယုတ်ခြင်းလို့ တွစ်တာကနေ ပြောဆိုနေကြပါတယ်။
ကလော့ပ်ဟာ ဖာဘင်ညိုရဲ့ နေရာကို ဆယ်ကျော်သက် ဒါမှမဟုတ် လူငယ် ကစားသမား ခေါ်ယူတာထက် အတွေ့အကြုံ ပိုရှိတဲ့ ကစားသမားမျိုး အားဖြည့်လိုနေပါတယ်။ လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းမှ အသက် ၂၈ နှစ်အရွယ် ပါလင်ဟာကို အလေးအနက် စောင့်ကြည့်ဖူးပါတယ်။