

ရာသီသစ်အတွက် အသင်းခေါ်ယူထားတဲ့ ကွင်းလယ်လူသစ် နှစ်ဦးဟာ ကိုယ်ပုံစံနဲ့ကိုယ် ရာသီကြို လေ့ကျင့်ရေးတွေမှာ ဖောက်ထွက်လာနေခဲ့ကြပါတယ်။
ဒေါမနစ် ဆိုဘိုစလိုင်က မရပ်မနား အားထုတ်နိုင်စွမ်း၊ သူ့ရဲ့ ကြံ့ခိုင်လွန်းတဲ့ ကစားဟန်အတွက် အထင်ကြီးခံထားရတာပါ။ ရည်မှန်းချက်ကြီးသူ ဇွဲကြီးသူအဖြစ် ရာသီကြိုမှာ နာမည်ကောင်းရထားပါတယ်။
မက်ကယ်လစ္စတာကတော့ လေ့ကျင့်ရေးတွေအပေါ် အလေးအနက် အာရုံစိုက်တတ်သူလို့ သိလာရပြီး သူ့ရဲ့ အေးစက်စက်နဲ့ တင်းမာဟန်ရှိတဲ့ မျက်နှာထားက ပြိုင်ဘက်တွေကို ဝါးမြိုလိုစိတ်ပြည့်နေတယ်လို့ မှတ်ချက်ပေးခံထားရပါတယ်။
လီဗာပူးရဲ့ ရာသီကြို လေ့ကျင့်ရေးတွေအတွင်း ဘောလုံး အမြန်ပေးတဲ့ လေ့ကျင့်ရေးတွေကတော့ မက်ကယ်လစ္စတာရဲ့ အရည်အချင်းတွေ ကောင်းကောင်းပေါ်လွင်ခဲ့ပါတယ်။ သူဟာ ဘောလုံး အကိုင်အတွယ် တည်ငြိမ်ပြီး ဘောလုံးဆုံးရှုံးမှု သိပ်နည်းလွန်းပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဟာ ကွင်းလယ်မှာ တစ်ချက်ထိ ပုံစံ ကစားတာတွေ၊ ဘောလုံး လက်ခံပြီး အကျဉ်းအကျပ်ကနေ ရိုးရှင်းစွာ လှည့်ထွက်နိုင်စွမ်းတွေ ကောင်းမွန်သူလို့ သိလာရတယ်။ လေ့ကျင့်ရေးကာလ တိုတောင်းသေးပေမယ့် ကွင်းလယ်လူသစ် နှစ်ဦးလုံးဟာ အထိုင်ကျမြန်မယ့် အရိပ်အယောင်တွေ မြင်လာရတာ ဖြစ်ပါတယ်။