ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မှာ မဟုတ်တဲ့ လီဗာပူးအသင်းဟာ အခြားသော ပစ်မှတ်အဖြစ် ကယ်ဗစ် ဖီးလစ်ကို ခေါ်ယူလိုကြောင့် ဗြိတိန် အပြောင်းအရွှေ့ သတင်းတွေမှာ ဖော်ပြလာနေခဲ့တယ်။
မန်စီးတီးမှာ ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရသလို ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခြင်း မရှိတဲ့ ဖီးလစ်ရဲ့ အခြေအနေကို လီဗာပူးအသင်း လေ့လာစောင့်ကြည့်နေတယ်။ မနှစ်က နွေမှာ လိဒ်စ်ယူနိုက်တက်ကနေ မန်စီးတီးကို ပေါင် သန်း ၅၀ ဖြင့် ပြောင်းသွားခဲ့တဲ့ ၂၇ နှစ်သား ကွင်းလယ်လူကို လီဗာပူးက ပေါင် ၃၅ သန်းဖြင့် ခေါ်ယူနိုင်မယ်လို့ ဖော်ပြနေတာပါ။
ဂွာဒီယိုလာက ကမ္ဘာ့ဖလားအပြီးမှာ ကွင်းရက် ၉ ရက် အပြည့်ယူပြီး အားလပ်ရက် ခရီးထွက်ခဲ့တဲ့ ဖီးလစ်ရဲ့ ရွေးချယ်မှုကို သဘောမကျဖြစ်နေခဲ့တယ်။ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးအတွက် ပုံမှန် ပွဲထွက်ကစားပေးမှုကို လုပ်ထားနိုင်ခြင်း မရှိသေးဘဲ ဂွာဒီယိုလာကတော့ ကစားသမားဘက်က အသင်းပြောင်းမယ်ဆိုရင် နားထောင်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။
ဗြိတိန် အပြောင်းအရွှေ့ သတင်းတွေကနေ အထက်ပါ ဖော်ပြချက်ကို လီဗာပူး သတင်းထောက်တွေကတော့ ငြင်းဆန်ထားပါတယ်။ လီဗာပူး သတင်းထောက် Dominic King ကတော့ အသင်းဟာ ၂၇ နှစ်အရွယ် ကွင်းလယ်လူ တစ်ဦးကို စိတ်ဝင်စားနေတာ မှန်တယ်လို့ ဆိုပေမယ့် အဆိုပါ ကစားသမားက ကယ်ဗင် ဖီးလစ် မဟုတ်ပါဘူး။
လီဗာပူးအသင်း စိတ်ဝင်စားသူက ဖူလ်ဟမ်အသင်းမှ အသက် ၂၇ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်ခံစစ်သမား ဂျွာအို ပေါ်လင်ညာ ဖြစ်တယ်လို့ သိရပါတယ်။ ဖူလ်ဟမ်ဘက်ကတော့ သူတို့ ကွင်းလယ်အတွက် ပေါင် သန်း ၆၀ လောက်ထိ အလိုရှိနေတာ ဖြစ်ပါတယ်။