

အကယ်ဒမီ တိုက်စစ်သမား မူရှော်ဝေါ်စကီဟာ ၃ နှစ်ကြာ ရှိနေတဲ့ မာဆေးဆိုဒ်ကို စွန့်ခွာသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
အသက် ၁၉ နှစ်အရွယ် ပိုလန်သားဟာ စီနီယာအဆင့်ကို တက်ရောက်နိုင်ခြင်း မရှိသလို ဒီနွေမှာ ကလပ် ၂ သင်းလောက်က သူ့ကို ကမ်းလှမ်းမှုတွေ လုပ်လာနေခြင်းကြောင့် တစ်ရာသီ အငှား ဒါမှမဟုတ် အပြီးသတ်ဖြင့် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
မူရှော်ဝေါ်စကီဟာ လာမယ့်ရာသီအတွက် အကယ်ဒမီအသင်း လူစာရင်း ဓါတ်ပုံမှာ ပါဝင်ခဲ့ခြင်းလည်း မရှိပါဘူး။ သူ့ရဲ့ လက်ရှိ လီဗာပူး စာချုပ်ဟာ တစ်နှစ် ကျန်ရှိနေကာ ကစားသမားရဲ့ အေးဂျင့်နဲ့ သူ့မိဘတွေက ပိုလန်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မနှစ်ကရာသီ ပရီးမီးယားလိဂ်-၂ မှာ ၁၇ ပွဲ ကစားပြီး ၂ ဂိုး သွင်းခဲ့တဲ့ ပိုလန် တောင်ပံသမားဟာ ပိုလန်လိဂ်ကိုပဲ ပြတ်ရောက်သွားနိုင်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ တန်ကြေးကြီး ပမာဏမျိုး လီဗာပူးအသင်း ရရှိမှာ မဟုတ်ပါဘူး။
အကယ်ဒမီကို ရောက်လာတဲ့ ကနဦး ကာလမှာ မူရှော်ဝေါ်စကီက တိုးတက်တဲ့ အရည်အချင်း ပြသခဲ့ပေမယ့် ယူ-၁၈၊ ယူ-၂၃ အသင်းတွေကနေ တစ်ဆင့်တက်ပြီး စီနီယာအဆင့်ထံ ရောက်လာခဲ့ခြင်း မရှိပါဘူး။ မနှစ်က လီဗာပူးအသင်း ရာသီကြိုမှာ ဒဏ်ရာ ပြဿနာတွေ ရှိနေတာမို့ ချန်လှပ်ခံခဲ့ရသေးတာ ဖြစ်ပါတယ်။