

လီဗာပူးအသင်းဟာ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲထဲက ပထမဆုံးသော ပွဲစဉ်အဖြစ် ဒီကနေ့ညမှာ ဂျာမနီ ဒုတိယတန်းလိဂ်မှ Karlsruher အသင်းနဲ့ သူတို့ အိမ်ကွင်းမှာ ခြေစမ်းမှာ ဖြစ်ပါတယ်။
ရာသီကြို စတင်လာတာ ၁၁ ရက်ပဲ ရှိသေးပြီး အဓိက ကစားသမားတွေကတော့ ၉ ရက်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ကလော့ပ်က ၄၅ မိနစ်စာ ၂ သင်းကို ထုတ်သုံးလာဖို့ ရှိပါတယ်။
ဂျာမနီခရီးစဉ် လိုက်ပါသွားတဲ့ အသင်းသား ၃၂ ဦး
ဂိုးသမား – အယ်လီဆန်၊ ကလယ်ဟာ၊ အတ်ဒရီယန်၊ ပီတာလူဂါ၊ ဂျာရိုစ့်၊ မရိုဇက်။
ခံစစ် – ထရန့်၊ ဘရတ်ဒလေ၊ ဗန်ဒိုက်၊ ကိုနတေး၊ မာတစ်၊ ဂိုးမက်စ်၊ ဖီးလစ်၊ ကွမ်းဆက်၊ ရော်ဘတ်ဆန်၊ ကိုစတက်၊ စကန်လွန်
ကွင်းလယ် – ဟန်ဒါဆန်၊ မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်၊ သီယေဂို၊ ဘာ့ဆီတစ်၊ ကလက်၊ ဖရန့်ဒေါ့၊ မက်ကော်နယ်
တိုက်စစ် – ဆာလာ၊ ဒါဝင်၊ ဒီယက်စ်၊ ဂျိုတာ၊ ဂက်ပို၊ ဗန်ဒုတ်၊ ကူးမက်
ပွဲကစားခွင့်ရဖွယ် မရှိသူများ
အယ်လီဆန်နဲ့ ကလယ်ဟာတို့ဟာ ၄၅ မိနစ်စီ ဂိုးပေါက် ကာကွယ်ကြမှာဖြစ်ပြီး ကျန် ဂိုးသမား ၄ ဦးကတော့ အသင်းရဲ့ လေ့ကျင့်ရေးမှာပဲ ပါဝင်ကြမှာပါ။
ခံစစ်မှူး နက်ဖီးလစ်ဟာ လိဒ်စ်ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး ဂျာမနီ ခရီးစဉ်မှာ ဆက်ရှိနေသေးလား မသေချာပါဘူး။ သီယေဂိုနဲ့ ဘာ့ဆီတစ်ကတော့ လေ့ကျင့်ရေး အပြည့်အဝ ပြန်ကောင်းလာတော့မှာ ဖြစ်ပြီး သူတို့ကို အရဲစွန့်ကာ ပွဲကစားစေမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။
ဖြစ်လာနိုင်ဖွယ် လူစာရင်း
စီနီယာနဲ့ လူငယ်တွေကို မျှတစွာ ထည့်သုံးတဲ့ ပုံစံမျိုးကို မြင်ရပါမယ်။ အဓိက စောင့်ကြည့်ခံရမယ့် နေရာက ကွင်းလယ်ပိုင်းဖြစ်ပြီး လူသစ် ၂ ဦးအပြင် ရာသီကြိုမှာ ခြေစွမ်းပြနိုင်ရင် ကွင်းလယ်မှာ နေရာရနိုင်တာကို လူငယ်ကြယ်ပွင့်တွေ နားလည်ထားကြမှာပါ။
ခံစစ်မှာ နက်ဖီးလစ်နေရာ ဝင်ယူသွားမယ့် ကွမ်းဆက်၊ ညာခြမ်းမှ ဘရတ်ဒလေနဲ့ တိုက်စစ်မှာ ဗန်ဒုတ်တို့ကိုလည်း စောင့်ကြည့်ရပါမယ်။ လီဗာပူးအသင်းမှာ အဓိက တိုက်စစ်သမား ၅ ဦးထိ ရှိနေတာမို့ သူတို့နောက် ဦးစားပေးအဆင့် ရဖို့အတွက်ဆိုရင် တော်ယုံ လုပ်ပြနိုင်စွမ်းနဲ့ မရနိုင်ပါဘူး။
ပထမပိုင်း လူစာရင်း – ထရန့်၊ ဂိုးမက်စ်၊ ကွမ်းဆက်၊ ကိုစတက်၊ ဟန်ဒါဆန်၊ မက်ကယ်လစ္စတာ၊ ဖရန့်ဒေါ့၊ ဆာလာ၊ ဂျိုတာ၊ ဂက်ပို။
ဒုတိယပိုင်း လူစာရင်း – ကလယ်ဟာ၊ ဘရတ်ဒလေ၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ မက်ကော်နယ်၊ ဆိုဘိုစလိုက်၊ ကလက်၊ ဗန်ဒုတ်၊ ဒီယက်စ်၊ ဒါဝင်။