[🎥] အန်ဖီးကွင်း တိုးချဲ့မှု ပြီးသွားရင် ဘယ်လို ဖြစ်လာမလဲ ဗီဒီယိုသစ် ထွက်ပေါ်လာ

Anfield Road ပွဲကြည့်စင် အပြီးသတ်ပြီးရင် ဖြစ်လာမယ့် အန်ဖီးကွင်း အနေအထားနဲ့ ပတ်သက်ပြီး ဗီဒီယိုသစ် တစ်ခု ထွက်ပေါ်နေပါတယ်။

ပရိသတ် ၆၁၀၀၀ ဝင်ဆံ့မယ့် ကွင်းဟာ အသေးစိတ် အချက်အလက် အနည်းငယ် ပြင်ဆင်ထားမှု ရှိတယ်လို့ သိရပြီး မြင်ကွင်း အချို့က အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ ပွဲနေ့ ပရိသတ်တွေအတွက် ပိုပြီး ပျော်စရာကောင်းမယ့် ဖျော်ဖြေရေး အစီအစဉ်တွေ ပါဝင်လာဖို့ ရှိပါတယ်။

ပွဲကြည့်စင်ပေါ် တက်ရောက်မယ့် လျှောက်လမ်းတွေမှာ အသင်းရဲ့ အောင်မြင်မှု ပုံရိပ်တွေ ပါဝင်မယ့် စတေကာမျိုးတွေကို ရေးဆွဲထားမှာ ဖြစ်ပါတယ်။

လီဗာပူးဒေသခံတွေအတွက် ပိုပြီး ကွင်းထဲ ဝင်ရလွယ်မယ့် လျှောက်လမ်းတွေ ပါဝင်လာသလို မြို့ကို လည်ပတ် ရောက်ရှိလာပြီး ကွင်းထဲ ဝင်ကြည့်မယ့် ပရိသတ်တွေအတွက်လည်း ပိုမို အဆင်ပြေစေမယ့် အားသာချက်တွေ ရှိလာပါမယ်။

နာမည်ကျော် Shankly Gates နားမှာတော့ ‘Anfield Forever’ ကျောက်ပြားတွေ ရှိပါမယ်။ နည်းနည်းလေး ကြွားရရင် The Main Stand အပြင်ဘက်မှာ ကိုယ်ပိုင် ကျောက်ပြားတစ်ချပ် ယူထားပါတယ်။

ဒီနောက်ပိုင်း ကျနော်တို့ LFCThaDin ဝဘ်ဆိုဒ်ကို ပုံမှန် လာဖတ်တဲ့ ညီကိုတွေအတွက် လူမှုကွန်ယက်တွေမှာ တင်မှာ မဟုတ်တဲ့ သတင်း၊ ဆောင်းပါးလေးတွေ ညှပ်ညှပ် ရေးသွားပါမယ်။ အဓိကကတော့ ကိုယ်အသင်း ပရိသတ် မဟုတ်သူတွေနဲ့ လူမှုကွန်ယက်တွေက အမုန်းစကားတွေကို ရှောင်ဖို့ ရည်ရွယ်ပါတယ်။