လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ်လူများစွာ ခေါ်ယူမှာဖြစ်ပြီး ပစ်မှတ်တွေကို ပထမဆုံး ရာသီကြို ပြင်ဆင်မှု စတင်မယ့် ဇူလိုင်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး လက်မှတ်ထိုးဖို့ ယာဂင်ကလော့ပ်က အလိုရှိကြောင်း အသင်းသတင်းထောက် Dominic King က ဖော်ပြလာပါတယ်။
သူ့ရဲ့ ဖော်ပြမှုထဲမှာ အသင်း သဘောကျပြီး ခေါ်ယူလိုနေသူတွေထဲ ဖူလ်ဟမ်က ကွင်းလယ်ခံစစ်သမား ဂျွာအို ပါလင်ညာ ပါဝင်လာကြောင်း နေပါတယ်။
လီဗာပူးဟာ မနှစ်က နွေရာသီမှာ ကာဗာရိုကို ခေါ်ယူခဲ့တာ အပါအဝင် အရင်နှစ်တွေအတွင်း ဖူလ်ဟမ်နဲ့ အလုပ်တွေအများကြီး လုပ်ခဲ့ဖူးတာမို့ ကမ်းလှမ်းမှု လုပ်မယ်ဆိုရင် မြန်မြန်ဆန်ဆန် ကိစ္စတွေ ဖြစ်သွားနိုင်ပါတယ်။
လက်တလောမှာ ကွင်းလယ်လူ ကာဗာရိုကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းက အလိုရှိနေပြီး ပါလင်ညာကို ခေါ်ယူရေးအတွက် တိုက်စစ်သမားကို အငှားပြန်ချပေးတာ ဖြစ်လာနိုင်သလား ဆိုတာက မေးခွန်းထုတ်ခံရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ရာသီအစမှာ ခွင့်အရေး နည်းနည်းရခဲ့တဲ့ ကာဗာရိုဟာ ကမ္ဘာ့ဖလားနောက်ပိုင်း ၁၁၄ မိနစ်သာ ကစားခဲ့ရပါတယ်။
ကာဗာရိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကလော့ပ်ကတော့ “ ဘယ်ကို ဦးတည်မလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော်ပြောနိုင်တာက ဒီတစ်ပတ် လေ့ကျင့်ရေးမှာ သူက ထပ်ပြီး ထူးထူးချွန်ချွန် လုပ်ပြခဲ့တယ်ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ စကားပြောကြည့်ပြီးမှ ဘာလုပ်မလဲဆိုတာ စဉ်းစားမှာပါ။
သူ ဘာလိုချင်တယ်၊ ကျွန်တော် ဘာစဉ်းစားထားတယ်ဆိုတာ စကားပြောကြည့်ကြတာပေါ့။ ဒါပေမယ့် အခုတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး”လို့ ဝက်စ်ဟမ်းပွဲကြိုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။