

ဖာဘင်ညိုရဲ့ ဆော်ဒီကလပ်ထံ ပြောင်းရွှေ့ရေး ကိစ္စကို ဘိုင်ယန်မြူးနစ်ဘက်က အလေးအနက် စောင့်ကြည့်နေပြီး တစ်ခုခု ထူးခြားခဲ့ရင် ကြားဝင်ဖို့ ပြင်ဆင်ထားပါတယ်။
အမ်ဘာပေ၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်ကြား အခြေအနေကို အခုချိန်ထိ လီဗာပူးဘက်က စောင့်ဆိုင်းနေဆဲပါ။ မက်ဒရစ်ဘက်က အမ်ဘာပေကို ခေါ်ယူလိုရင် အဓိက ကစားသမား အချို့ကို ရောင်းထုတ်ရနိုင်ပြီး ချူအာမီနီကတော့ သတင်းအထွက်ဆုံး ကစားသမား ဖြစ်ပါတယ်။
အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ သီယာဂို စတင် ပါဝင်လာခဲ့ပါပြီ။ စပိန်သားဟာ တင်ပါး ဒဏ်ရာ အရှင်းပျောက်ဖို့ အချိန်ယူနေရတာ ဖြစ်ပါတယ်။
ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးအတွက် စိတ်ဝင်စားခံရတာကို ဂုဏ်ယူပေမယ့်လို့ သူ ကိုယ်တိုင်ကတော့ လီဗာပူးအတွက်ပဲ အာရုံစိုက်ထားဆဲလို့ ကလော့ပ်က ပြောပါတယ်။
အားလပ်ရက် သိပ်မယူခဲ့ဘူးလို့ လူတွေ ပြောနေကြပေမယ့် ရာသီကြိုကို အခုလို အမြန်ဆုံး ပူးပေါင်းနိုင်တာ သူ ပျော်ပါတယ်လို့ ကာတစ်ဂျုံးက ပြောလာပါတယ်။
ဟာဗေးက လီဗာပူး vs နော်တင်ဟမ် ဖောရက်စ် ပွဲမှာ သူရတဲ့ လက်မှတ်ခွဲတမ်း ၂ ခုကို Claire House Children’s Hospital ရန်ပုံငွေရဖို့ လှူဒါန်းထားပါတယ်။
ဆိုဘိုစလိုင်ကို ခေါ်ယူနိုင်ခဲ့တာအတွက် ဟန်ဂေရီမှာ လီဗာပူးပရိသတ်ထု ပိုမို များပြားလာနိုင်တယ်လို့ ဟန်ဂေရီ သတင်းထောက်က ဆိုပါတယ်။
ဗန်ဒိုက်က နောက်လာမယ့် အသင်းခေါင်းဆောင် ဖြစ်နိုင်ပေမယ့် သူ့အသက်အရွယ် အရ ကာလရှည် တာဝန်ယူနိုင်မှာ မဟုတ်တာကြောင့် ခေါင်းဆောင် အဖွဲ့ထဲမှာ ထရန့်ကလည်း နေရာကောင်းက ရှိလာနိုင်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းက ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို အတော်လေး သဘောကျတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် မာလီ ကွင်းလယ်လူကို ပဲလေစ့်ဘက်က ပေါင် သန်း ၇၀ စျေးခေါ်ထားပါတယ်။