ချူအာမီနီ၊ လာဗီယာ၊ ဂရာဗင်ဘတ် အပါအဝင် လီဗာပူး ကွင်းလယ် ပစ်မှတ်များ

လီဗာပူးအသင်းရဲ့ ဟန်ဒါဆန်၊ ဖာဘင်ညိုနေရာ အစားထိုးရေး ကွင်းလယ် ပစ်မှတ် ရှာဖွေမှုတွေနဲ့ ပတ်သက်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် Chris Bascombe က တယ်လီဂရပ်ကနေ အခုလို ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးအသင်းမှာ ပစ်မှတ်တွေ ရှိနေပြီး ပြင်သစ် ကွင်းလယ်လူ ချူအာမီနီက တစ်ဦး အပါအဝင်ပါ။ ရီးရဲလ်မက်ဒရစ်ဘက်က သူ့ကို ရောင်းချမယ်လို့ ဆုံးဖြတ်ခဲ့ရင် လီဗာပူးအသင်း ကမ်းလှမ်းမှု ဝင်မယ်လို့ ယုံကြည်ရတယ်။

မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူနိုင်ရေး ငွေသား လိုအပ်ချက် ရှိပါတယ်။ ဒါပေမယ့် သူတို့ ချူအာမီနီကို ရောင်းဖို့နဲ့ လီဗာပူးဘက်က ချိတ်ဆက်မှု ဝင်ဖို့က အခုချိ်န်ထိတော့ ဖြစ်လာဖို့ ခက်ခဲနေဆဲ ကိစ္စ ဖြစ်ပါတယ်။

ဆောက်သမ်တန် ဆယ်ကျော်သက် ရိုမီယို လာဗီယာကို လီဗာပူးဘက်က စိတ်ဝင်စားမှုဟာ ဒီနွေမှာ ချက်ခြင်း ခေါ်ယူရအောင်ဆိုပြီး အလျင်မလိုပါဘူး။ ဖာဘင်ညိုနေရာ အစားဝင်ပြီး ဘရာဇီးသား ယူခဲ့တဲ့ တာဝန်တွေကို ပုခုံးလွဲယူဖို့ လာဗီယာက ငယ်ရွယ်လွန်းနေပါတယ်။

လူးဝစ် ဒီယက်ဇ်နဲ့ ဆိုဘိုစလိုင်လို ကစားသမားတွေကို လီဗာပူးက နှစ်ရှည် စောင့်ကြည့်ပြီးမှ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ ဆိုဘိုစလိုင်ကို လီဗာပူးအသင်း စတင် ကင်းထောက်တုန်းက သူဟာ ဆယ်ကျော်သက် ကစားသမားပဲ ရှိပါသေးတယ်။ လာဗီယာအတွက်လည်း အဲ့လို အနေအထား ဖြစ်ပါတယ်။

လာဗီယာကို ဒီနွေမှာ ပေါင် သန်း ၅၀ ပေးပြီး ခေါ်ယူလိုက်တာက အသက် ၂၈ နှစ် ရှိနေပြီဖြစ်တဲ့ ပါလင်ဟာကို ပေါင် သန်း ၈၀ ပေးရတာထက်တော့ ပိုကောင်းပါတယ်။

ကယ်ဗင်ဖီးလစ် သတင်းကတော့ အံ့ဩစရာပါ။ မန်စီးတီးက ရှင်းထုတ်လိုနေတဲ့ ကစားသမားအတွက် ငွေကြေးပေးပြီး ခေါ်ယူခြင်းဖြင့် ကူညီတာမျိုး လီဗာပူးဘက်က တွန့်ဆုတ်မှာပါ။ ဖာဘင်ညိုနေရာ ဖီးလစ်ကို အစားထိုးတာကလည်း အဆင့်မြှင့်တင်ခြင်း မဟုတ်ပါဘူး။

ဖီအိုရင်တီးနား ကွင်းလယ်လူ အမာရာဘတ်ကို ခေါ်ယူဖို့ကတော့ လီဗာပူးကို စိတ်လှုပ်ရှားစေမှာဖြစ်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးကလည်း လက်တွေ့ကျပါတယ်။ လီဗာပူးက သဘောကျလာတဲ့ ဒူကူရေအတွက် ပဲလေစ့်တို့ ပေါင် သန်း ၇၀ ထိ တောင်းဆိုမှာပါ။

ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘတ်ဟာ ဒီနွေမှာ လီဗာပူးနဲ့ အတော်လေး သတင်းထွက်ထားပါတယ်။ ကလပ်ဘက်က သူ့ကို ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စားတာ ဒါမှမဟုတ် ကစားသမားရဲ့ အေးဂျင့်က ကွင်းလယ်လူကို အန်ဖီးထံ အရမ်း ပို့ပေးချင်နေတာ ဖြစ်နိုင်ပါတယ်။