ဆိုဘို အသေးစား ဒဏ်ရာရှိနေခြင်း၊ ဟန်ဒါဆန် ဆေးစစ်မှု ပြီးမြောက်ခြင်းနဲ့ လီဗာပူး သတင်းတိုများ

ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီကလပ် Al Ettifaq အသင်းထံ ပြောင်းရွှေ့ရေး ဆေးစစ်မှု ပြီးမြောက် အောင်မြင်သွားပြီ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဆိုဘိုဟာ လေ့ကျင့်ရေးမှာ အသေးစာ ဒဏ်ရာ ရရှိခဲ့တာကို စကန်စစ်ဆေးရမှာမို့ မနက်ဖြန်မှာ ယှဉ်ပြိုင်ရမယ့် ရာသီကြိုပွဲအား လွဲမှာဖြစ်ပါတယ်။ ဒဏ်ရာ မပြင်းထန်ပေမယ့် ဂရုစိုက်လိုတာမို့ ဖယ်ထုတ်လိုက်တာလို့ သိရပါတယ်။

ဘာ့ဆီတစ်ဟာ မြက်ခင်းပြင်ပေါ် ဘောလုံး ကစားတဲ့ လေ့ကျင့်ရေး စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။ အစောပိုင်းမှာ ရာနှုန်းပြည့် ကြံ့ခိုင်မှုအတွက် သူဟာ တစ်ဦးချင်း လေ့ကျင့်ရေတွေကိုပဲ အာရုံစိုက်နေခဲ့ရတာပါ။

နက်ဖီးလစ်ဟာ ဂျာမနီ လေ့ကျင့်ရေးမှာ သီယာဂိုနဲ့အတူ ပြန်ပေါ်လာပါတယ်။ သူဟာ လိဒ်စ် ယူနိုက်တက်ထံ ပြောင်းမယ်လို့ သတင်းကြီးထားပေမယ့် အပြောင်းအရွှေ့ ဖြစ်မလာသေးပါဘူး။

ဂျော့ရှမတ်ကီလို ဝါရင့် အားကစားဒါရိုက်တာ တစ်ဦးက လီဗာပူးအသင်း လေ့ကျင့်ရေးတွေကို အမြဲလိုက်ကြည့်ပြီး ပြင်ပက လူတစ်ယောက်အဖြစ် ထင်မြင်ချက်တွေ လိုက်ပေးနေတာကို ကလော့ပ်က အရမ်း ကျေနပ်နေပါတယ်။

ဇူလိုင်လ အကုန်လောက်မှာ လီဗာပူးအသင်းနဲ့ လာဗီယာကြား သတင်းကောင်း ကြားရနိုင်တယ်ဆိုတဲ့ ဖော်ပြချက်တွေ ထွက်ပေါ်လာပါတယ်။ အသင်းဘက်က ပေါင် သန်း ၄၀ ဝန်းကျင် ကမ်းလှမ်းမှု ပြုလုပ်မှာပါ။

ချူအာမီနီဟာ ဒီနွေမှာ အသင်းမပြောင်းဘဲ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေလိုစိတ်တွေ ဆက်တိုက် ပြသနေခဲ့ပါတယ်။ သူဟာ လက်ရှိမှာတော့ ရာသီကြို ပြင်ဆင်မှုတွေအတွက် ပါဝင်နေပါပြီ။

လီဗာပူးနဲ့ ဒူကူရေ အပြောင်းအရွှေ့မှာ လက်တလောမှာ ဖြစ်လာဖွယ် မရှိသေးပေမယ့် စောင့်ကြည့်ရမယ် ကိစ္စလို့ သတင်းထောက် နေးဂျုန်းက ဆိုပါတယ်။