ဆော်ဒီကလပ် Al Ittihad အသင်း တာဝန်ရှိသူတွေဟာ ဖာဘင်ညို အပြောင်းအရွှေ့ ကိစ္စ ကြားဖြတ် မခံရဖို့ အသင်းရဲ့ ဒါရိုက်တာ ရုံးရှိရာ လန်ဒန်ကို ရောက်လာပြီး လီဗာပူးအသင်းနဲ့ အပြီးသတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ ဆော်ဒီကလပ်တို့ဟာ အသေးစိတ် အချက်အလက် အချို့ကို စကားပြောနေဆဲဖြစ်ကာ စာရွက်စာတမ်း ကိစ္စ မပြီးမြောက်သေးဘူးလို့ သိရပါတယ်။
မနေ့က အသင်းလိုက် လေ့ကျင့်ရေးတွေမှာ ဆိုဘို မပါဝင်ခဲ့ပေမယ့် ကျန်တဲ့ အသင်းသား အစုံအလင် ပါဝင်လာပါတယ်။ ဘာ့ဆီတစ်နဲ့ သီယာဂိုကတော့ တစ်ဦးချင်း လေ့ကျင့်ရေးတွေပဲ လုပ်ခဲ့ကြပါတယ်။
ဝုဗ်အသင်းဟာ လီဗာပူး ဂိုးသမား ကလယ်ဟာကို ကမ်းလှမ်းဖို့ စီစဉ်ထားဆဲ ဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ အသက် ၂၄ နှစ်အရွယ် ဂိုးသမားအတွက် ပေါင် သန်း ၂၀ အထက် ရလိုပါတယ်။
လီဗာပူးအသင်းဘက်က ဆိုဘိုစလိုင် ပါဝင်တဲ့ ရာသီကြို နောက်ကွယ်က အသင်းသားတွေ ပင်ပေါင် ဆော့ကစားနေတဲ့ ဗီဒီယို အပိုင်းတိုကို ထုတ်ပြလာပါတယ်။
ကာတစ်ဂျုံးနဲ့ ဟာဗေးတို့က ရာသီသစ်မှာ နေရာရဖို့ ပွဲကစားခွင့်ရဖို့ အစွမ်းကုန် ကြိုးစားကြမယ့် အကြောင်း ကိုယ်စီ ထုတ်ပြောလာကြပါတယ်။
ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ဟာကို ပေါင် သန်း ၅၀ ဝန်းကျင်ဖြင့် ရမယ်ဆိုရင် ခေါ်ယူမယ့် သဘောထားမျိုး လီဗာပူးဘက်က ပြသလာနေပါတယ်။
ရာသီကြို ခြေစမ်းပွဲမှာပဲ ပါလင်ဟာက လက်မောင်း ဒဏ်ရာလို တစ်ခုခု ရခဲ့ဟန်ရှိကာ ဒဏ်ရာ ပြင်းထန်ရင်တော့ ဒီနွေမှာ သူ အသင်းပြောင်းဖို့ ကိစ္စကို သက်ရောက်မှု ရှိနိုင်ပါတယ်။
လီဗာပူးနဲ့ ဆောက်သမ်တန်ကြား လာဗီယာ အပြောင်းအရွှေ့ကိစ္စ စကားပြောမှု ရှိပေမယ့်လို့ အသင်းဘက်က ပေါင် သန်း ၅၀ နီးပါး ပေးချေလိုခြင်း မရှိပါဘူး။
နည်းပြယာဂင်ကလော့ပ်က အန်ဖီးကွင်း အပြောင်းအလဲကို မြင်ရဖို့ မစောင့်နိုင်အောင် ဖြစ်နေသလို အသင်းကို တကယ် အားပေးကြမယ့် အမာခံ ပရိသတ်တွေ လက်မှတ် ရကြစေဖို့ မျှော်လင့်နေပါတယ်။