၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးရ အချက်အလက်တွေအရ အန်ဖီးကွင်းဟာ ပရီးမီးယားလိဂ်မှာ ပရိသတ် အားပေးမှု အကောင်းဆုံး ကွင်းအဖြစ် ဆက်လက် မဲပေးခံခဲ့ရပါတယ်။
ဒီတစ်ကြိမ် အပါဆိုရင် အန်ဖီးကွင်းဟာ ၃ ရာသီဆက် အကောင်းဆုံး ကွင်းအဖြစ် မဲပေးခံရခြင်း ဖြစ်ပါတယ်။ ဒီမဲပေးမှုကို ပရီးမီးယားလိဂ် ပရိသတ်တွေက သူတို့ ဆန္ဒသဘောထားကို အွန်လိုင်းကနေ vote ပေးပြီး ရွေးချယ်ခဲ့တာလို့ Sky က ဖော်ပြပါတယ်။
ဒါဟာ ကိုဗစ်ကာလ အလွန်မှာ ပရိသတ် အားပေးမှု အကောင်းဆုံး နေရာကို အန်ဖီးကွင်းက ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နေခြင်း ဖြစ်ပါတယ်။
ဒီစာရင်းအတွက် အန်ဖီးကွင်းက ၂၇% ဖြင့် မဲပေးခံရခြင်းဖြစ်ပြီး ဒုတိယနေရာမှာ စိန့်ဂျိမ်းပက်ခ်က ၁၆%၊ တတိယနေရာမှာ အိုးထရတ်ဖိုဒ့်ကွင်းက ၁၀% တို့ ရွေးချယ်ခံရပါတယ်။ အဲ့နောက်မှာတော့ အမ်းမရိတ်ကွင်းနဲ့ အီသီဟဒ်တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။
ရာသီသစ်မှာတော့ Anfield Road ပွဲကြည့်စင် အပြီးသတ်ပြီးရင် အန်ဖီးကွင်းဟာ ပရိသတ် ၆၁၀၀၀ ဝင်ဆံ့လာတော့မှာပါ။ ကွင်းမြင်ကွင်းဟာ ပိုအထင်ကြီးဖို့ ကောင်းလာသလို ပွဲနေ့ ပရိသတ်တွေအတွက် ပိုပြီး ပျော်စရာကောင်းမယ့် ဖျော်ဖြေရေး အစီအစဉ်တွေ ပါဝင်လာဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ ဒီနှစ်ထဲမှာပဲ အန်ဖီးကွင်း မျက်နှာခြင်းဆိုင်က နေရာလွတ်အတွင်း တိုးချဲ့တည်ဆောက်မှု အသစ်တစ်ခု စတင်သွားတော့မှာ ဖြစ်ပါတယ်။
LFC club shop ရဲ့ မျက်နှာခြင်းဆိုင်မှာ ရှိတဲ့ နေရာလွတ်အတွင်းမှာ ကား ၃၃ စီး ရပ်နားနိုင်တဲ့ နေရာနဲ့အတူ နာမည်ရ စျေးဆိုင်၊ စားသောက်ဆိုင်တွေ ပါဝင်တဲ့ အဆောက်အဦး တစ်ခုကို တည်ဆောက်ရေး ခွင့်ပြုမိန့် ရခဲ့ပြီဖြစ်ပါတယ်။