BREAKING: ဗုဒ္ဓဟူးနေ့ကစလို့ လီဗာပူးအသင်းနဲ့အတူ ဖာဘင်ညို လေ့ကျင့်ရေး ပြန်ဆင်းပါမယ်။

လီဗာပူးကနေ ဆော်ဒီကလပ် Al Ittihad အသင်းထံ ပြောင်းရွှေ့မယ့် ဖာဘင်ညိုရဲ့ အပြောင်းအရွှေ့ဟာ အန္တရာယ် အခြေအနေကို ရောက်နေပြီလို့ The Athletic က ဖော်ပြပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ဆော်ဒီကလပ်က ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းထားပြီး အဖွဲ့တွေ အားလုံးက အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ကြိုးစားနေတာပါ။ ညိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ ဆက်လုပ်နေကာ ဆော်ဒီကလပ်က ဖာဘင်ညိုကို ခေါ်ယူနိုင်ဖို့ အားထုတ်လိုနေဆဲပါပဲ။

ဒါပေမယ့် ကိစ္စတွေ တိုးတက်လာဖို့ နှောင့်နှေးနေခြင်းနဲ့အတူ ဖာဘင်ညိုဟာ ဗုဒ္ဓဟူးနေ့ကစလို့ လီဗာပူးရဲ့ ရာသီကြို ပြင်ဆင်မှုကို ပြန်လည် ပါဝင်သွားတော့မှာ ဖြစ်ပါတယ်။

Al Ittihad ဘက်က တရားဝင် ကမ်းလှမ်းမှု လုပ်လာခဲ့ခြင်းကြောင့် လီဗာပူးဘက်က ဂျာမနီကို ထွက်သွားမယ့် လူစာရင်းကနေ ဖာဘင်ညိုကို ထုတ်ပယ်ထားခဲ့ပါတယ်။ ဂျာမနီမှာ တစ်ပတ်ကြာ လေ့ကျင့်ရေး ဆင်းခဲ့တဲ့ လီဗာပူးဟာ တနင်္လာနေ့ကပဲ အင်္ဂလန်ကို ပြန်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဖာဘင်ညိုဟာ အက်ဆာ လေ့ကျင့်ရေးမှာ လီဗာပူးအသင်းဖော်တွေနဲ့ ပြန်ပြီး ပူးပေါင်းသွားမှာဖြစ်ကာ အပြောင်းအရွှေ့ ကိစ္စကို ကလပ်တွေဘက်က ဆက်လက် ဆွေးနွေးကြပါမယ်။ ဖာဘင်ညိုဟာ လီဗာပူးနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားပြီး အေးဂျင့် ဂျော့မန်ဒက်စ်က အပြောင်းအရွှေ့ ကိစ္စအတွက် လီဗာပူးနဲ့ ဆော်ဒီကြားမှာ ညိနှိုင်းပေးနေဆဲပါ။

ဆော်ဒီ ဥပဒေအရ ဖာဘင်ညို ပိုင်ဆိုင်ထားတဲ့ ပြင်သစ် bulldog ခွေးနှစ်ကောင်ကို ခေါ်ယူသွားနိုင်ဖွယ် မရှိတာမို့ အပြောင်းအရွှေ့ ပျယ်မယ်လို့ ကောလဟာလ ထွက်ပေါ်နေခြင်းကတော့ မမှန်ပါဘူးလို့ သတင်းထောက် David Ornstein က ဖော်ပြသွားခဲ့ပါတယ်။