BREAKING: လာဗီယာအတွက် လီဗာပူးရဲ့ ကမ်းလှမ်းမှု ဆောက်သမ်တန် ပယ်ချ။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၃၇ သန်းတန် ကမ်းလှမ်းမှု ပေးပို့ခဲ့ပေမယ့် ဆောက်သမ်တန်ဘက်က ပယ်ချလိုက်ကြောင်း The Athletic က ဖော်ပြပါတယ်။

သတင်းထောက် David Ornstein ရဲ့ ဖော်ပြမှုအရ လာဗီယာဟာ အန်ဖီးထံ ပြောင်းလာရေး ပုဂ္ဂိုလ်ရေးအရ အဆင်ပြေပါတယ်။ ဒါကြောင့် ကလပ်နှစ်သင်းကြားမှာ အသက် ၁၉ နှစ်အရွယ် ဘယ်ဂျီယံ ကစားသမားအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရအောင် ညိနှိုင်းရမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်က ကစားသမားဘက်နဲ့ ချိတ်ဆက်နေတာ ကာလတစ်ခု ရှိခဲ့ပြီဖြစ်ပြီး ဒီကနေ့မှာတော့ ပထမဆုံးအကြိမ် ကလပ်နှစ်သင်းကြား တိုက်ရိုက် စကားပြောမှု ဖြစ်ပေါ်လာခဲ့တာပါ။ လာဗီယာဟာ အနာဂတ်မှာ homegrown စာရင်းထဲ ထည့်လို့ရမယ့်သူလည်း ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကတော့ မနှစ်ကရာသီ မန်စီးတီးကနေ ခေါ်ယူထားတဲ့ လာဗီယာအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ အလိုရှိနေပြီး လီဗာပူးဘက်ကတော့ အဲ့လောက် ပမာဏ ပေးလိုစိတ် မရှိပါဘူး။

မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်နဲ့ အာသာတို့ကို လက်လွတ်ခဲ့ရသလို ဟန်ဒါဆန်ကိုလည်း ထွက်ခွင့်ပေးရတဲ့နောက် ကွင်းလယ် အားဖြည့်ရေး လီဗာပူးဘက်က လာဗီယာကို ချိတ်ဆက်လာခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဖာဘင်ညိုကို ဆော်ဒီကလပ် Al Ittihad အသင်းထံ ပေါင် သန်း ၄၀ ဖြင့် ထွက်ခွင့်ပေးဖို့ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့က သံသယဝင်စရာ အခြေအနေကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။