

လီဗာပူးအသင်းဟာ လာဗီယာလို ချန်ပီယံရှစ်ကလပ်မှ ကွင်းလယ်လူ တစ်ဦးအတွက် ပေါင် သန်း ၄၀ ဟာ အမြင့်ဆုံးကြေး ဖြစ်သင့်တယ်လို့ ယုံကြည်နေပါတယ်။
ဆယ်ကျော်သက် ကွင်းလယ်လူ လာဗီယာအတွက် လီဗာပူးအသင်းရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် ၃၅ သန်း အပြင် ထပ်တိုးကြေး ၂ သန်းဖြစ်ပြီး ဆောက်သမ်တန်ကတော့ ပေါင် သန်း ၅၀ ထိ အလိုရှိနေတာ ဖြစ်ပါတယ်။
လာဗီယာဟာ လီဗာပူးအသင်းထံ ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီထားပြီဖြစ်ကာ လီဗာပူးဘက်က ဆောက်သမ်တန်နဲ့ ပြောင်းရွှေ့ကြေး ညိနှိုင်းဖို့ပဲ ကျန်ရှိတာဖြစ်လို့ ဒီအပတ် အာရှခရီးစဉ် မတိုင်ခင် ညိနှိုင်းမှုကို အမြန်ဆုံး အပြီးသတ်နိုင်ပါတယ်။
ဖာဘင်ညိုရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားတာ မဟုတ်ပေမယ့် ကလပ်နှစ်သင်း ဆက်လက် ညိနှိုင်းမှု အခုလိုပဲ တိုးတက်မှု နှေးကွေးနေမယ်ဆိုရင် လီဗာပူးဘက်က ကွင်းလယ်လူကို လူစာရင်းအတွက် ဆက်လက် ထိန်းသိမ်းသွားနိုင်ပါတယ်။
ဂျော်ဒန် ဟန်ဒါဆန်ဟာ လီဗာပူးပရိသတ်တွေကို နှုတ်ဆက်ကြောင်း ရုပ်သံကို စတင် ရိုက်ကူးနေပြီး အန်ဖီးကွင်းထဲမှာ အဆိုပါ ပရိုဂရမ်အတွက် ကင်မရာမန်း တစ်ဦးနဲ့အတူ တွေ့ခဲ့ရပါတယ်။
ဆော်ဒီကလပ် Al Hilal အသင်းက ပေါင် ၄၃ သန်းဖြင့် ကမ်းလှမ်းထားတဲ့ ဒီယက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ လောက်ထိရမယ်ဆိုရင် ရောင်းထုတ်ပြီး လိုအပ်နေတဲ့ ဗဟိုခံစစ်အတွက် လိုက်ဇစ်မှ ဂါဗာဒီအောကို ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။
Al Hilal အသင်းဟာ လက်ရှိမှာ ဒီယက်ဇ်အတွက် ဆက်လက် ကြိုးစားခြင်း မရှိဘဲ အမ်ဘာပေကို ပြောင်းရွှေ့ကြေး ပေါင် ၂၅၄ သန်း၊ တစ်နှစ်လုပ်ခ ပေါင် သန်း ၆၀၀ ဖြင့် ကြိုးစားနေတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ လူငယ် ခံစစ်မှူး ဟာဗေး အိုဝင်ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သိန်းပေးပြီး ယူ-၁၅ အသင်းအတွက် ခေါ်ယူထားပါတယ်။