မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့်က သူအခါးသီးဆုံး အသင်းဟာ လီဗာပူးပဲဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။
ဂယ်ရီနဗီးနဲ့ ပြုလုပ်တဲ့ စကိုင်းစပေါ့ ပရိုဂရမ်မှာ ရက်ဖိုဒ့်က အဲ့စကားကို ထုတ်ပြောခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်ဟာ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ရှိပေမယ့်လို့ အင်္ဂလန် အနောက်မြောက်ပိုင်း ဒါဘီတွေအဖြစ် လီဗာပူးအသင်းနဲ့တော့ ပိုရှည်ကြာတဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။
နဗီးက ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူး နှစ်သင်းထဲက သဘောမကျဆုံး အသင်းကို ရွေးပေးဖို့ ရက်ဖိုဒ့်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့်က အဆိုပါ မေးခွန်းအတွက် တွန့်ဆုတ်မနေပါဘဲ လီဗာပူးအသင်းကို ခပ်မြန်မြန်ပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
” လီဗာပူးပေါ့ဗျာ။ ကျနော် နှစ်သင်းလုံးကို မကြိုက်ဘူး၊ ဒါပေမယ့် မကြိုက်ဆုံး တစ်သင်းကို ရွေးရမယ်ဆိုရင်တော့ နေ့တိုင်း လီဗာပူးကို ရွေးမိမှာပဲ ” လို့ ရက်ဖိုဒ့် ဖြေဆိုခဲ့ပါတယ်။
မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် လက်ထက် အဆိုးရွားဆုံး အနေအထားကို ရောက်ရှိနေစဉ် မန်ယူနိုက်တက်က ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာပါ။ အန်ဖီးမှာ လီဗာပူးကို ခြေမှုန်းမယ်လို့ ကြွေးကြော်လာခဲ့တဲ့ ယူနိုက်တက်ဟာ သမိုင်းဝင် ရှုံးပွဲအဖြစ် ၇-၀ ရလဒ်နဲ့ တပ်ခေါက်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
ရာသီကုန်မှာ လီဗာပူးဟာ ထိပ်ဆုံး ၄ သင်းစာရင်းကနေ ထွက်ခွာခဲ့ရပေမယ့် ကလော့ပ်ရဲ့ အသင်းသားတွေဟာ ရာသီသစ်၊ စိန်ခေါ်မှု အသစ်တွေအတွက် ပြန်လည် အားထုတ်လာဦးမှာ ဖြစ်ပါတယ်။