

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ရိုမီယို လာဗီယာကို ခေါ်ယူနိုင်ဖို့ ဒုတိယမြောက် ကမ်းလှမ်းမှု ပေးသွားဖို့ စီစဉ်နေပြီဖြစ်ကြောင်း The Athletic သတင်းထောက် David Ornstein က ဖော်ပြလာပါတယ်။
ပထမအကျော့ ကမ်းလှမ်းမှုအဖြစ် ပေါင် ၃၇ သန်း စာချုပ်ကို ပေးခဲ့ပေမယ့် ဆောက်သမ်တန်ဘက်က ပယ်ချခဲ့တာပါ။ ချန်ပီယံရှစ်ကလပ်က အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ အလိုရှိနေတာ ဖြစ်ပါတယ်။
ညိနှိုင်းမှုတွေ ဆက်ရှိလာနေခဲ့သလို ကစားသမား ကိုယ်တိုင်ကတော့ လီဗာပူးထံ ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီပေးဖို့ ပြဿနာ မရှိသေးပေမယ့်လို့ ချယ်ဆီးကလည်း လာဗီယာကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ နောက်ထပ် တစ်ကြိမ် စာချုပ်ဟာ ဘယ်လောက် ပမာဏဆိုတာ မသိရသေးပေမယ့် သတင်းထောက် ရိုမန်နိုက ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်း ထပ်တိုးကြေး ပေါင် ၂.၅ သန်းဖြင့် ကမ်းလှမ်းမယ်လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီအပတ်ထဲမှာ အာရှခရီးစဉ်အဖြစ် စင်္ကာပူကို ရောက်လာဖို့ ရှိနေပြီး အဆိုပါ ခရီးစဉ်မှာ လာဗီယာကိုပါ ခေါ်ယူလာနိုင်ဖို့ အားစိုက်လာနေတာ ဖြစ်ပါတယ်။
ဆောက်သမ်တန် နည်းပြမာတင်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် အများအပြားနဲ့ သတင်းထွက်နေခြင်း အပေါ် လာဗီယာ ကိုင်တွယ်နေမှုနဲ့ ပတ်သက်ပြီး
” သူ့ခေါင်းထဲမှာ ကိစ္စတွေ အများကြီး ဝင်နေပါတယ်။ လူငယ် ကစားသမား တစ်ယောက် အနေနဲ့ အပြောင်းအရွှေ့ကိစ္စ အသံကျယ်နေမှုကို ကိုင်တွယ်နေရတာက မလွယ်ကူးပါဘူး။ ဒါပေမယ့် သူ အကောင်းဆုံး ဖြေရှင်းနိုင်နေပါတယ်။ နောက်ဆုံး သတင်းက လူတိုင်းသိနေပါပြီ။ သူက ကျနော်တို့နဲ့ ရှိနေဆဲပါ ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။