News: ဟန်ဒါဆန်၊ ဖာဘင်ညို၊ လာဗီယာတို့ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရ အခြေအနေ

ဒီအပတ်မှာပဲ ဟန်ဒါဆန်၊ ဖာဘင်ညို၊ လာဗီယာတို့နဲ့ ပတ်သက်ပြီး လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စ ၃ ခုဟာ တရားဝင် ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။

ဟန်ဒါဆန်

ဟန်ဒါဆန်ဟာ ၁၂ နှစ်ကြာရှိနေတဲ့ လီဗာပူးအသင်းကနေ ထွက်ခွာပြီး ဆော်ဒီကလပ် Al Ettifaq အသင်းထံ ရောက်ရှိသွားပါပြီ။ ဒီမနက်ကပဲ ကစားသမားကိုယ်တိုင်က လီဗာပူးပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တာပါ။

ဒါပေမယ့်လို့ ပေါင် ၁၂ သန်းတန် အပြောင်းအရွှေ့ကို အခုချိန်ထိ လီဗာပူးအသင်းဘက်က ကြေညာသေးခြင်း မရှိပါဘူး။ အကုန်လုံးကလည်း ဟန်ဒါဆန် ကိစ္စ ဘာကြောင့် မကြေညာသလဲ နားမလည်နိုင်ဖြစ်နေပါတယ်။

ဖာဘင်ညို

လက်တလောမှာ လီဗာပူးနဲ့ ဆော်ဒီကလပ် Al Ittihad တို့ဟာ ဖာဘင်ညို အပြောင်းအရွှေ့ ကိစ္စ ပြန်လည် စကားပြောနေပါပြီ။ ဆော်ဒီကလပ်ရဲ့ ဥက္ကဋ္ဌဟာ တနင်္ဂနွေနေ့တည်းက စာချုပ်ကိစ္စ အပြီးသတ်ဖို့ ကြိုးစားနေပေမယ့် ငွေပေးချေမှုမှာ ပြဿနာရှိနေတာကြောင့် အပြောင်းအရွှေ့ကိစ္စ ကြံ့ကြာနေတာပါ။

ဖာဘင်ညိုဟာ လီဗာပူးမှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေး ရက်ပိုင်း ပြန်ဝင်မှာ ဖြစ်ပေမယ့် စင်္ကာပူကို ထွက်လာမယ့် လူစာရင်းကနေတော့ ချန်လှပ်ခံရမယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက် Paul Joyce က အတည်ပြုပါတယ်။ ဖာဘင်ညို ကိုယ်တိုင်ကတော့ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ ပြင်ဆင်ထားပါပြီ။

လာဗီယာ

ဖာဘင်ညို အပြောင်းအရွှေ့ ကိစ္စ ဒီအပတ်မှာပဲ အပြီးသတ်ဖို့ ရှိတာကြောင့် လီဗာပူးအသင်းက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် အတော်လေး အားထုတ်လာပါတယ်။ မနေ့က ပေါင် ၃၇ သန်းတန် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရကာ ဒီကနေ့မှာတော့ ပေါင် ၄၅ သန်းတန် ကမ်းလှမ်းမှုအသစ် ထပ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

ရက်ပိုင်းအတွင်း လာဗီယာကို ခေါ်ယူရေး ကိစ္စ ပြီးမြောက်မှာဖြစ်ပါတယ်။ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ လာဗီယာတို့ ကိစ္စ ပြီးတာနဲ့ လီဗာပူးအသင်းရဲ့ နောက်ထပ် ခြေလှမ်းက ခံစစ်မှူးသစ် ခေါ်ယူရေးပဲ ဖြစ်ပါတယ်။