ဖာဘင်ညိုဟာ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုကိစ္စတွေကို ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကလပ်နှစ်သင်းဟာ စာရွက်စာတမ်း လက်မှတ်ထိုးရေးပဲ ကျန်ရှိတော့ပြီး ဘရာဇီးသားက ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မှာပါ။
လာဗီယာကို ခေါ်ယူပြီးရင်တောင် လီဗာပူးက ကွင်းလယ်လူသစ် ထပ်ခေါ်ဦးမယ် ဆိုတဲ့ ကိစ္စကို သူတော့ မပြောတတ်ပေမယ့် မဖြစ်နိုင်တာမျိုး မဟုတ်ဘူးလို့ သတင်းထောက် David Ornstein က ထုတ်ပြောလာပါတယ်။
ဘယ်ဂျီယံ သတင်းထောက် Sacha Tavolieri ကတော့ လာဗီယာ အပြောင်းအရွှေ့ကို စိတ်ပူဖို့ မလိုကြောင်းနဲ့ ကွင်းလယ်လူဟာ လီဗာပူးကိုပဲ ပြောင်းမှာဖြစ်ပြီး လက်တလောမှာ ဖာဘင်ညို အပြောင်းအရွှေ့ အပြီးသတ်ဖို့ လုပ်နေကြတာပါလို့ ထုတ်ဖော်လိုက်ပါတယ်။
OGC Nice အားကစားဒါရိုက်တာက သူရမ်အတွက် မှန်ကန်တဲ့ စျေးနှုန်းရရင် အပြောင်းအရွှေ့ကိစ္စ လက်ခံစကားပြောပေးမယ်လို့ ထုတ်ပြောလာပါတယ်။
ထရန့်ဟာ သူလက်ရှိ ကစားနေတဲ့ ကွင်းလယ် နံပါတ် ၆ နေရာကို လက်ရွေးစင်မှာကော ကလပ်မှာပါ ပြောင်းလဲ ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။
စင်္ကာပူက လေ့ကျင့်ရေးမှာ ဆိုဘိုဟာ သူ့ရဲ့ ဖရီးကစ် စွမ်းရည်ကို ပြသခဲ့တဲ့နောက် လာမယ့်ရာသီမှာ ထရန့်နဲ့ ဆိုဘို ဘယ်သူက အသင်းရဲ့ အဓိက ဖရီးကစ် ကန်သွင်းသူ ဖြစ်လာမလဲ မေးခွန်းထုတ်ခံနေရပါတယ်။
လီဗာပူးအသင်းရဲ့ စင်္ကာပူခရီးစဉ်မှာ ကွင်းလယ်လူဟောင်း လူးကပ်လေဗာက ကလပ်ရဲ့ ဂန္တဝင်အဖွဲ့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။
အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီက တိုရီနို ခံစစ်မှူး ပါရှားစ်ကို သဘောကျပေမယ့် စီးရီးအေကလပ်က နယ်သာလန်သားကို ခပ်လွယ်လွယ် ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။
ဘယ်အစွန်လူ အဒမ် လူးဝစ်ဟာ လိဂ်တူးကလပ် နယူးပေါ့ကောင်တီ အသင်းထံ တစ်ရာသီ အငှားထွက်ပြီ ဖြစ်ပါတယ်။