

ပြင်သစ်သတင်းဌာနတွေက လီဗာပူးအသင်းဟာ အမ်ဘာပေကို တစ်ရာသီ အငှားဖြင့် ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဖော်ပြမှုတွေ ရှိလာပါတယ်။ လီဗာပူး အသိုင်းအဝိုင်းကတော့ အမ်ဘာပေက ကွင်းလယ် ခံစစ်မှာ ကစားနိုင်လို့လား ဆိုပြီး ဟားတိုက်ခဲ့ကြပါတယ်။
ကွင်းလယ် ပြန်တည်ဆောက်ရေးဟာ အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး ဖြေရှင်းစရာ နည်းလမ်းတွေကို ရှာဖွေရမယ်လို့ နည်းပြကလော့ပ်က ပြောလာပါတယ်။ သူကတော့ ပြောင်းလဲမှုတွေ လုပ်ရမှာအတွက် စိတ်လှုပ်ရှားနေပါတယ်။
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာနေးက ဒီနွေမှာ ဆော်ဒီလိဂ်ထံ ပြောင်းဖို့ သဘောတူညီခဲ့တာကြောင့် လီဗာပူးအသင်းက ကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ထည့်သွင်းခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇.၅ သန်း ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
လက်စတာနဲ့ပွဲမှာ ဆိုဘိုစလိုင် ပါဝင်ကစားမှာဖြစ်ပြီး အသင်းခေါင်းဆောင် တာဝန်ကို ဗန်ဒိုက်ပဲ ဆက်ယူရဖွယ် ရှိပါတယ်။ ကလပ်ဟာ အခုချိန်ထိ အမြဲတမ်း အသင်းခေါင်းဆောင် နေရာကို မကြေညာသေးပါဘူး။
ဖာဘင်ညို အပြောင်းအရွှေ့အကြောင်း မေးခံရချိန်မှာ ကလော့ပ်က အသင်းနဲ့အတူ ပါမလာတဲ့ ကစားသမားတစ်ဦး ကိစ္စကို ဖြေပေးဖို့ ငြင်းဆန်ခဲ့ပြီး အသင်းပြောင်းဖို့ လုပ်နေတဲ့ သဘောကိုတော့ ထုတ်ပြောပါတယ်။
ထရန့်ဟာ နံပါတ် ၆ နေရာမှာ ကစားနိုင်မယ့်သူလို့ လီဗာပူးနည်းပြအဖွဲ့က ယုံကြည်နေပေမယ့် ချယ်ဆီးနဲ့ပွဲမတိုင်ခင် ထရန့်ကို သူ့ရဲ့ မူလနေရာ ညာအစွန်ကိုပဲ ပြန်ပို့ကြည့်ကာ ပြီးမှ စဉ်းစားမှာဖြစ်ပါတယ်။
ချယ်ဆီးအသင်းကလည်း ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူလိုနေကြောင်း အသံကျယ်နေပေမယ့် တရားဝင် ကမ်းလှမ်းမှု မစတင်သေးပါဘူး။
စင်္ကာပူမှ လီဗာပူးပရိသတ်တွေက အသင်းဘက်က ကွင်းလယ်ခံစစ်သမားလိုရင် သူတို့ကို ခေါ်ဖို့နဲ့ သူတို့ ကစားပေးနိုင်တယ်ဆိုတဲ့ စာသားတွေဖြင့် အသင်းကို စနောက်နေကြပါတယ်။
မက်ကယ်လစ္စတာက သူ့ကို ဂယ်ရီလို့ကော မက်လို့ကော ခေါ်တာထက် မာကာလို့ ခေါ်တာကို ပိုပြီး သဘောကျပါတယ်လို့ ထုတ်ပြောလာပါတယ်။