ဖာဘင်ညိုဟာ ဆော်ဒီလိဂ်ထံ အပြီးသတ် ပြောင်းရွှေ့သွားပြီဖြစ်ကာ ၅ နှစ်အတွင်း အသင်းအတွက် ကူညီပေးခဲ့တာတွေအပေါ် ကျေးဇူးတင်ကြောင်း ကလပ်ဘက်က ထုတ်ပြန်သွားပါတယ်။
ဖာဘင်ညိုက ရင်ထဲက ဆန္ဒအတိုင်း လှိုက်လှိုက်လဲလဲဖြင့် လီဗာပူးကို ချစ်ပါကြောင်း ပြောချင်ပါတယ်လို့ နှုတ်ဆက်သွားပါတယ်။
လီဗီ ကိုးဝဲလ်ဟာ ချယ်ဆီးမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီး ၂၀၂၉ ခုနှစ်ထိ သက်တမ်းရှိမယ့် စာချုပ်သစ် လက်မှတ်ထိုးသွားမှာ ဖြစ်ပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီကစလို့ လီဗာပူးအသင်းခေါင်းဆောင် အဖြစ် ဗန်ဒိုက်က တာဝန်ယူမှာဖြစ်ပြီး ထရန့်က လက်ထောက် အသင်းခေါင်းဆောင် ဖြစ်လာပါတယ်။
ထရန့်ကို လက်ထောက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကြောင်းကို စင်္ကာပူက ကွင်းဖွင့် လေ့ကျင့်ရေးမှာ ပရိသတ်တွေရှေ့မှာပဲ ကလော့ပ်က ခပ်တိုးတိုး အသိပေးသွားခဲ့တာပါ။
အမ်ဘာပေကို ခေါ်ယူလိုနေကြောင်း သတင်းတွေ ကြားနေရတာအတွက် ရယ်မိတယ်လို့ ကလော့ပ်က ပြောပါတယ်။ အပြောင်းအရွှေ့ သတင်းတွေကို ရပ်တန့်လိုက်ရတာ စိတ်မကောင်းပေမယ့် အမ်ဘာပေကို မခေါ်နိုင်ပါကြောင်း ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။
ဒီနွေစျေးကွက်မှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကို လက်လွတ်ထားရသလို နောက်နှစ် နွေမှာ မာတစ်ကို ဆုံးရှုံးရမှာမို့ ကွင်းလယ်လူသစ်နဲ့ ခံစစ်မှူးသစ် ရလိုကြောင်း နည်းပြကလော့ပ်က အသင်းကို အသိပေးထားပါတယ်။
ကလပ်ရဲ့ စီအီးအို ဘီလီဟိုဂန်က လီဗာပူးအသင်းထံ ရင်းနှီးမြုပ်နှံမှုသစ် ရလာဖို့ စကားပြောမှု ရှိနေပြီး အခွင့်အရေးကောင်း ရှိနေပါတယ်လို့ ဆိုပါတယ်။
ဒီအပတ်မှာ လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ဝင်ခဲ့ပြီဖြစ်ကာ ဘယ်ဂျီယံ ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ပိုကောင်းလာနေပြီလို့ သိရပါတယ်။