![klopp diaz saudi](https://lfcthadin.com/wp-content/uploads/2023/08/klopp-diaz-saudi--678x381.jpg)
![](https://lfcthadin.com/wp-content/uploads/2024/08/lfc-ad-banner.jpg)
ဆော်ဒီအာဏာပိုင်တွေ နောက်ခံနဲ့အတူ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ဥရောပ စျေးကွက်အတွင်း ဝင်ရောက်လာမှုဟာ ထိပ်သီးအသင်းတိုင်းကို စိုးရိမ်စရာတွေ ဖြစ်လာစေပါတယ်။
ဒီနွေမှာ လီဗာပူးအသင်းဟာ ဂျော်ဒန် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ဆော်ဒီကလပ်တွေထံ လက်လွတ်ထားရပါတယ်။ သူတို့ နှစ်ဦးလုံးကို အသင်းဘက်က ဆက်ထိန်းလိုပေမယ့် ဆော်ဒီဘက်က မြင့်မားတဲ့ လုပ်ခတွေဖြင့် ကစားသမားတွေကို ချိတ်ဆက်ခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အားထုတ်သွားတာပါ။
ဆော်ဒီဘက်က ကြိုးစားမှုတွေကို ဓနအင်အား တောင့်တင်းလှတဲ့ မန်စီးတီးတောင် တောင့်မခံနိုင်ဘဲ မာရက်ဇ်ကို ထွက်ခွင့်ပေးထားရပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆော်ဒီရဲ့ ခြိမ်းခြောက်မှုတွေကို သတိပြုကြဖို့ နှိုးဆော်ခဲ့သလို အခုကတော့ ကလော့ပ်ကလည်း ထုတ်ပြောလာပါပြီ။
“ ဆော်ဒီအာရေဗျရဲ့ လွှမ်းမိုးလာမှုကို ကျနော်တို့ ကြည့်ရပါမယ်။ ဘာတွေဖြစ်နေတယ် သေချာ မသိပေမယ့် ဆော်ဒီက ဩဇာကြီးမားလာပါတယ်။ အပြောင်းအရွှေ့ စျေးကွက်မှာ အဆိုးဆုံး ကိစ္စကတော့ ဆော်ဒီစျေးကွက်က ဥရောပထက် ၃ ပတ်လောက် ပိုဖွင့်ထားမှာ ဖြစ်ပါတယ်။
အဲ့တာက အကူအညီ မဖြစ်ပါဘူး။ ယူအီးအက်ဖ်အေနဲ့ ဖီဖာက ဒီကိစ္စအတွက် အဖြေရှာဖို့ လိုပါတယ်။ ကျနော်ကတော့ ဘာဖြစ်လာမယ်ဆိုတာ တိတိကျကျ မသိနိုင်ပါဘူး။ ဆော်ဒီရဲ့ ဩဇာကြီးလာမှုက ကျနော်တို့ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။
ဒါပေမယ့် ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ ကျနော်တို့ သင်ယူရမှာပါ။ ဒီလောက်ပဲ ကျနော် ပြောနိုင်ပါသေးတယ်။ အချိန်က စကားပြောသွားပါလိမ့်မယ် ” လို့ ကလော့ပ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။
လီဗာပူး ဘယ်တောင်ပံသမား ဒီယက်ဇ်ကို ဆော်ဒီဘက်က ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး အသင်းဘက်က ပယ်ချထားပါတယ်။ ဒါပေမယ့်လို့ ဥရောပစျေးကွက်ပိတ်ပြီး ရက်ပိုင်း ၂၀ လောက်ထိ ဆော်ဒီစျေးကွက် ဖွင့်နေဦးမှာမို့ အဓိက ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခတွေပေးပြီး နောက်ကျ ကမ်းလှမ်းမှု လုပ်လာမှာကို အသင်းဘက်က စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။