

လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးပို့ခဲ့ပြီ ဆိုတာကို စကိုင်းစပေါ့က အတည်ပြုပါတယ်။
ဒီတစ်ကြိမ် လီဗာပူးပေးတဲ့ ကမ်းလှမ်းမှုဟာ ဆောက်သမ်တန် ရလိုတဲ့ ပေါင် သန်း ၅၀ ထက် နည်းပါးနေဆဲဖြစ်ကာ ပေါင် ၄၁ သန်း ဝန်းကျင်ဖြစ်ပါတယ်။ ဒါကိုလည်း ဆောက်သမ်တန် ဘက်က ပယ်ချင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာ အဖြစ် စကိုင်းစပေါ့ သတင်းထောက် Reddy ကပဲ လီဗာပူးအသင်းဟာ လာဗီယာအပြင် ဘရာဇီးကလပ် ဖလူမီးနက်စ် ကွင်းလယ်လူ အန်ဒရီကိုပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါဟာ အန်ဒရီနဲ့ လီဗာပူးကြား ပထမဆုံး အကြိမ် သတင်းထွက်မှုတော့ မဟုတ်ပါဘူး။
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို လီဗာပူးအသင်းဘက်က စိတ်ဝင်စားနေကြောင်း ဘရာဇီး သတင်းထောက်တွေက ထုတ်ဖော်မှု ရှိထားခဲ့ပါတယ်။ အခုမှ မာဆေးဆိုဒ်ဖွား သတင်းထောက်ဖြစ်တဲ့ Reddy ကပါ အတည်ပြုလာခြင်း ဖြစ်ပါတယ်။
ဖူလ်ဟမ်နဲ့ စပို့တင်းတို့ကလည်း အန်ဒရီကို သဘောကျထားခဲ့ပေမယ့် စပို့တင်းဘက်က ဘရာဇီးသားကို ခေါ်ယူရေးကနေ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါကြောင့်ပဲ ကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်က အင်္ဂလန်ကလပ်တွေဖြင့် စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
အခုချိန်ထိတော့ အန်ဒရီအတွက် ဆွေးနွေးမှုမှာ လီဗာပူး ပါဝင်နေလား မသေချာသေးပါဘူး။ ဒါပေမယ့် လီဗာပူးအသင်းဟာ လာဗီယာအပြင် နောက်ထပ် ကွင်းလယ် ပစ်မှတ်တွေ ရှိနေသေးကြောင်း သတင်းတွေ ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။