

ဒီကနေ့ည မြန်မာစံတော်ချိန် ၆ နာရီမှာ လီဗာပူးအသင်းနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ စင်္ကာပူမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ထရန့်က ကွင်းလယ်မှာ ဆက်ကစားလိုကြောင်း ထုတ်ပြောလာခဲ့ပြီး သူဟာ အလွန်ဆိုနဲ့ ဂျရတ်တို့ရဲ့ ကစားဟန်က တစ်ဆင့် သင်ယူမှုတွေ လုပ်ခဲ့ပါတယ်လို့ ဆိုလာပါတယ်။
ကာတစ်ဂျုံးကို ကွင်းလယ် နံပါတ် ၆ နေရာ ပြောင်းကစားစေဖို့ကို သူနဲ့ ကစားသမားတို့ သဘောတူထားကြောင်း နည်းပြကလော့ပ်က ပြောလာပါတယ်။ လက်ရှိ လူစာရင်းမှာ သီယာဂိုနဲ့ ဂျုံးတို့ နှစ်ဦးပဲ နံပါတ် ၆ နေရာကို ကစားကြမှာပါ။
လီဗာပူးအသင်းဟာ ဘရာဇီးကလပ် ဖလူမီနက်စ်အသင်း ကွင်းလယ်လူ အန်ဒရီကို ယူရို ၂၅-၃၀ သန်းကြားဖြင့် စတင် ချဉ်းကပ်နေပြီ ဖြစ်ပါတယ်။
အသက် ၂၂ အရွယ် ဘရာဇီးသား အန်ဒရီဟာ ဒီနွေမှာတင် အင်္ဂလန်ကို ပြောင်းလာလိုပေမယ့် ဖလူမီနက်စ်ဘက်ကတော့ ကွင်းလယ်လူကို ဆောင်းရာသီ စျေးကွက်မှပဲ လက်လွတ်ခံလိုနေပါတယ်။
လာဗီယာက အန်ဖီးထံ ပြောင်းလိုခြင်းနဲ့အတူ လီဗာပူးနဲ့ ဆောက်သမ်တန်ကြားမှာ အပြောင်းအရွှေ့ ကိစ္စ ဆက်လက် စကားပြောနေဆဲ ဖြစ်ပါတယ်။
ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ အပြီးသတ် ထွက်ခွာသွားတာ သေချာခဲ့ပြီမို့ ဒီစျေးကွက်မှာ ကွင်းလယ် နံပါတ် ၆ သမား ရဖို့ကို လီဗာပူးဘက်က အလေးအနက် ကြိုးစားလာပြီ ဖြစ်ကြောင်း Paul Joyce က အတည်ပြုပါတယ်။
ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ်ကနေ ဆော်ဒီလိဂ်ထံ ပြောင်းခဲ့ပြီဖြစ်လို့ ကစားသမားရဲ့ ပွဲထွက်မှုနဲ့ ဆုဖလား အောင်မြင်မှုက တစ်ဆင့် ရဖို့ရှိတဲ့ ပေါင် ၇.၅ သန်းကို လီဗာပူးဘက်က ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။
ဒီနွေစျေးကွက်အတွင်း ချယ်ဆီး ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းက ၂ ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ခံစစ်မှူးဟာ လန်ဒန်ကလပ်နဲ့ ၂၀၂၉ ခုနှစ်ထိ ရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့ပါပြီ။