မနက်ကပွဲမှာ နယူးကာဆယ် အနိုင်ရပြီး ယူနိုက်တက်က စပါးနဲ့ သရေကျခဲ့တာကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ထက် ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာ ဝင်နိုင်ခွင့်အတွက် ပိုမို ကြိုးစားရဖွယ် ရှိလာပါတယ်။
လီဗာပူးအသင်းက ဂရာဗင်ဘက်ချ်ရဲ့ ကိုယ်စားလှယ်တွေဖြင့် ဒုတိယအကြိမ် ဆွေးနွေးစကားပြောမှု ပြုလုပ်ထားခဲ့ပြီးဖြစ်ကာ အခုချိန်မှာ ကွင်းလယ်လူနဲ့ ဘိုင်ယန်မြူးနစ်ကြား စကားပြောမှုကနေ ထွက်လာမယ့် အဖြေကို စောင့်နေပါတယ်။ ဘိုင်ယန်ဘက်က မရောင်းလိုပေမယ့် ဂရာဗင်ဘက်ချ် အသင်းပြောင်းလိုရင် တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ရိုမန်နိုက ပြောပါတယ်။
လီဗာပူးက သူ့အတွက် အိမ်လိုနေရာ ဖြစ်လာပြီလို့ ဂက်ပိုက ထုတ်ပြောခဲ့ပြီး အန်ဖီးမှာ သူ့ရဲ့ နေရာ ခိုင်မာလာခြင်းအတွက် ပျော်ရွှင်နေပါတယ်။
လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုအပေါ် လီဗာပူးရဲ့ စိတ်ဝင်စားမှုက သွေးအေးလာခဲ့ပြီလို့ ဗြိတိန်ပြည်တွင်း အပြောင်းအရွှေ့ သတင်းထောက်တွေက ထုတ်ပြောလာပါတယ်။
သူပွဲကစားခွင့်တွေ ရလိုတယ်၊ ခြေစွမ်းပိုင်း တိုးတက်လိုတယ်လို့ ကာဗာရိုက ထုတ်ပြောခဲ့ကာ ရာသီကုန်ထိ အခြေအနေကို စောင့်ကြည့်မယ်လို့ပဲ တုန့်ပြန်လာပါတယ်။
ဗီလာရီးရဲလ် တိုက်စစ်သမား ချူကွာမီကာကို ခေါ်ယူလိုတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်း ပေးရမှာ ဖြစ်ပါတယ်။
အန်ဖီးကွင်းအနီး စတိုးဆိုင်ရဲ့ မျက်နှာခြင်းဆိုင်ဘက်ကမှာ လီဗာပူးအသင်းက နာမည်ကျော် အမှတ်တံဆိပ်တွေ ပါဝင်တဲ့ အဆောက်အဦး တစ်ခု တည်ဆောက်ဖို့ ရပ်ကွက်နေ ပြည်သူတွေဖြင့် သဘောတူညီမှု ယူခဲ့ပြီ ဖြစ်ပါတယ်။
ဂျွန်ဟင်နရီ လန်ဒန်ကို ရောက်လာပြီး ကလော့ပ်နဲ့ တွေ့ဆုံ စကားပြောနေစဉ်မှာပဲ စင်္ကာပူအစိုးရ နောက်ခံထားတဲ့ GIC Private Limited ဟာ လီဗာပူးအသင်းရဲ့ အကြီးစား ရှယ်ယာတွေကို ဝယ်ယူပြီး ရင်းနှီးမြုပ်နှံဖို့ စိတ်မဝင်စားဘူးလို့ မာဆေးဆိုဒ် သတင်းဌာနက ဖော်ကြပါတယ်။
ကာတစ်ဂျုံးရဲ့ တောက်ပလာမှုဟာ လီဗာပူးရဲ့ အနာဂတ်မှာ သူ့ကို ဖယ်ထုတ်လိုက်ဖို့ မသင့်သေးဘူးဆိုတာ သက်သေပြနေခြင်းလို့ ချီးကျူးမှုတွေ များပြားလာပါတယ်။
ဒီနွေမှာ ကစားသမားသစ်တွေ မခေါ်ယူခင် အသင်းသား အများအပြားကို ရှင်းထုတ်တဲ့ လုပ်ငန်းစဉ်အား အရင်စတင်ဖို့ ကလပ်ဘက်က စီစဉ်ထားပါတယ်။