လာဗီယာ အပြောင်းအရွှေ့ အချိန်ကြာနေလို့ လုပ်စရာရှိတာ လုပ်တော့မယ် စိန့်နည်းပြ အသိပေး

လီဗာပူးအသင်းက ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၄၁ သန်းဖြင့် ကမ်းလှမ်းပေမယ့်လို့ ဆောက်သမ်တန် အလိုရှိတဲ့ ပေါင် သန်း ၅၀ နဲ့ ဝေးကွာနေဆဲပါ။

ဆောက်သမ်တန် နည်းပြမာတင်ကတော့ ချန်ပီယံရှစ် ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ရမယ့် ရှက်ဖီးနဲ့ပွဲမှာ သူတို့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ လာဗီယာနဲ့ ဝက်ပရောက်စ်တို့ကို ပွဲနေ့ လူစာရင်းကနေ ဖယ်ထုတ်ပေးထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နည်းပြမာတင်က ပြောရာမှာ “ လာဗီယာကော ဝက်ပရောက်စ်ပါ မနက်ဖြန်ပွဲမှာ ပါလာမှာပါ။ အခုနဲ့ ပွဲကြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မလား ကျနော် မသိပါဘူး။

စျေးကွက် ပိတ်သွားတဲ့ အချိန်ထိ သူတို့ နှစ်ဦး ဆောက်သမ်တန် ကစားသမားအဖြစ် ဆက်ရှိနေမယ် ကျနော် မြင်လား? ဘာသဲလွန်စမှ မပေးချင်ပါဘူးဗျာ။ ကျနော် မျှော်လင့်ထားတာတွေနဲ့ ကျနော် တွေးမြင်တာတော့ သက်သက်ရှိပါတယ် ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မာတင်ကတော့ သူ ကစားသမားတွေဟာ ကလပ်ရဲ့ ဘဏ္ဍာရေးအရ ဒီနွေမှာ အသင်းပြောင်းနိုင်တာကို သိထားပါတယ်။ လာဗီယာကို လီဗာပူးက ချိတ်ဆက်နေပြီး ဝက်ပရောက်စ်ကိုတော့ ဝက်စ်ဟမ်းအသင်းက အလိုရှိနေတာပါ။

“ သူတို့ ဆက်ရှိနေမယ် မရှိဘူးဆိုတာက ကျနော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ သူတို့ နှစ်ဦးလုံး ဒါမှမဟုတ် တစ်ဦး မရှိတော့ဖို့ဆိုတာက ကလပ်က လူတိုင်းအတွက် ဘဏ္ဍာရေးအရ အကူအညီ ဖြစ်ပါလိမ့်မယ်။

သူတို့ နှစ်ဦးလုံးက မတူညီတဲ့ အခြေအနေတွေနဲ့ ကစားသမားဘဝ အချိန်ကောင်းတွေ ရောက်နေပါတယ် ” လို့ ဆက်ပြောသွားတာ ဖြစ်ပါတယ်။