၂၂ ဦးပဲ ရှိတဲ့ လူစာရင်း၊ ကိုင်ဆီဒိုကို ကမ်းလှမ်းတာ လီဗာပူး မဟုတ်၊ သီယာဂိုနဲ့ ဘာ့ဆီတစ် ဒီအပတ်မှာ လေ့ကျင့်ရေး ဝင်မည်၊ လီဗာပူး နံနက်ခင်း သတင်းများ

လက်ရှိ လီဗာပူး တိုက်စစ်သမားတွေထဲ ဘယ်တွဲဘက်ကို အကြိုက်ဆုံးလဲ ဆိုပြီး အွန်လိုင်း စစ်တမ်းကောက်မှု တစ်ခုကို အသင်းချန်နယ်တစ်ခုက ပြုလုပ်ရာမှာ ဒီယက်စ်၊ ဂက်ပို၊ ဆာလာ အတွဲက ပြတ်ပြတ်သားသားကို ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လီဗာပူးအသင်းရဲ့ ကမ်းလှမ်းမှုတွေ သိပ်ကြာနေတာကြောင့် ချန်ပီယံရှစ် အဖွင့်ပွဲမှာ လာဗီယာကို ထုတ်သုံးဖို့ ဆောက်သမ်တန်ဘက်က စီစဉ်ထားပါတယ်။

ဩဂုတ်လ ၈ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို ဖလူမီနက်စ်အသင်း အနိုင်ရခဲ့ရင် ၎င်းတို့ဟာ အန်ဒရီကို ထိန်းသိမ်းဖို့ ပိုမို စိတ်ပိုင်းဖြတ်သွားမှာပါ။ ဖလူမီနက်စ်ဟာ ဒီရာသီ ဘရာဇီးပြည်တွင်းလိဂ်မှာ အခြေအနေ ကောင်းမွန်နေတာမို့ အဓိက ကစားသမား အားလုံးကို ရာသီကုန်ထိ ဆက်ထိန်းလိုနေပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ လူစာရင်းဟာ ၂၂ ဦး ဝန်းကျင်ပဲရှိပြီး ပရီးမီးယားလိဂ်မှာ အနည်းဆုံး အစုအဖွဲ့ဖြစ်နေပါတယ်။ ဒါဟာ ဟာဗေးနဲ့ ဘာ့ဆီတစ်လို လူငယ် ကြယ်ပွင့် နှစ်ဦး ပါဝင်အပြီး ဖြစ်ပါတယ်။

စနေနေ့ အသင်းလိုက် လေ့ကျင့်ရေးကို သီယာဂိုနဲ့ ဘာ့ဆီတစ်တို့ ပြန်ပါလာမှာ ဖြစ်ပါတယ်။

နွေစျေးကွက် မပိတ်ခင် လီဗာပူးအသင်းကနေ ထွက်ခွာသွားနိုင်တဲ့ ကစားသမားတွေထဲ နက်ဖီးလစ်နဲ့ ကလယ်ဟာတို့ ပါဝင်နေကြဆဲ ဖြစ်ပါတယ်။

အာဆင်နယ် အစွန်လူ ဇင်ချန်ကိုက သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး ပရီးမီးယားလိဂ် ပြိုင်ဘက်က မိုဆာလာ ဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲမှာ ဆိုဘိုစလိုင်ရဲ့ နာမည်ကို လီဗာပူးအသင်း မှားရေးထားတယ်လို့ လိုက်ဇစ်ဘက်က သတိပေးမှုဟာ အတော်လေး ရယ်မောခံနေရပါတယ်။

မာဆေးဆိုဒ် သတင်းထောက် Theo Squires က လီဗာပူးအသင်းဟာ ဘယ်ခြမ်း ခံစစ်မှူး ရှာဖွေနေပြီး လက်တလော ကွင်းလယ်ပိုင်းကို အာရုံစိုက်နေတာနဲ့အတူ ဘယ်ကစားသမားတွေကို စောင့်ကြည့်နေတယ် သတင်းမထွက်အောင် ထိန်းသိမ်းနေတာလို့ ဆိုပါတယ်။

မျှော်လင့်ထားသလိုပဲ ကိုင်ဆီဒိုအတွက် ဝင်ရောက် ကမ်းလှမ်းတဲ့ အမည်မသိ ကလပ်ဟာ လီဗာပူးအသင်း မဟုတ်တာတော့ သေချာခဲ့ပြီ ဖြစ်ပါတယ်။

အသင်းထံ အသက် ၅ နှစ်အရွယ်တည်းက ရောက်နေခဲ့တဲ့ အကယ်ဒမီကြယ်ပွင့် ဝုတ်မန်းဟာ အောက်စဖိုဒ့် ယူနိုက်တက်ထံ မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။