

ပရီးမီးယားလိဂ် ကစားသမားဟောင်း ရော်ဘီ ဆားဗေ့ချ်က လီဗာပူးဟာ လာမယ့်ရာသီမှာလည်း ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။
နွေမှာ ပြင်ဆင်မှု အားနည်းသလို ကစားသမား များစွာကို ထွက်ခွင့်ပေးထားတဲ့ လီဗာပူးဟာ ချန်ပီယံနေရာ ရေပန်းစားမှုနဲ့ အလှမ်းကွာလွန်းနေပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ထိပ်ဆုံး ၄ သင်း နေရာအတွက်တောင် အတော်လေး လျော့တွက်ခံရတဲ့ အသင်း ဖြစ်လာနေပါတယ်။
” ကျနော်ကတော့ ထိပ်ဆုံး ၄ သင်းထဲ ချယ်ဆီး ဝင်လာမယ်လို့ ထင်ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းက ကစားသမားသစ်တွေနဲ့ အတော်လေး တိုးတက်လာနိုင်တယ်၊ သူတို့က ဥရောပပွဲ လုံးဝ ကစားစရာမလိုတဲ့ အားသာချက်လည်း ရှိထားပါတယ်။
ထိပ်ဆုံး ၄ သင်း ဝင်ခွင့် လွဲချော်မှာက အာဆင်နယ်နဲ့ လီဗာပူး နှစ်သင်းထဲက တစ်သင်း ဖြစ်လာလိမ့်မယ်။ အာဆင်နယ်က အတော်လေး တိုးတက်လာနေတော့ အသင်းကြီးတွေထဲ လီဗာပူးပဲ ချန်ပီယံလိဂ် ထပ်လွဲဦးမယ် ထင်ပါတယ်။ သူတို့ လက်ရှိ သုံးနေတဲ့ high line ကိုပဲ ဆက်ပြီး သုံးမယ် ဆိုရင်ပေါ့။
မနှစ်ကရာသီ လီဗာပူးတို့ ကျရှုံးခဲ့တယ်၊ သူတို့အတွက် ဘောလုံးရာသီကောင်း မဟုတ်ခဲ့ဘူး။ လက်ရှိ အနေအထားအရ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ ချယ်ဆီးတို့ပဲ ထိပ်ဆုံး ၄ သင်း ဝင်သွားမှာပါ ” လို့ ရော်ဘီ ဆားဗေ့ချ်က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်က နှစ်တွေမှာ ပရီးမီးယားလိဂ် ချန်ပီယံနေရာအတွက် မန်စီးတီးနဲ့ အပြိုင်အဆိုင် ရေပန်းစားခဲ့တဲ့ လီဗာပူးအသင်းဟာ လက်ရှိမှာတော့ ထိပ်ဆုံး ၄ နေရာအတွက်တောင်မှ ယုံကြည်လို့မရတဲ့ အခြေအနေကို ကျဆင်းလာနေပြီ ဖြစ်ပါတယ်။