အပြောင်းအရွှေ့အရေးကြီး သီတင်းပတ်ကို ရောက်နေခြင်း၊ သူရမ်ကို မခေါ်ဖြစ်ခဲ့ခြင်း အကြောင်းရင်း၊ သတိပေးလာတဲ့ ဆောက်တမ်တန် စီအီးအိုနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ဆော်ဒီကလပ် Al-Ittihad အသင်းဟာ ဆာလာကို ၂ ရာသီအတွက် လုပ်ခ ပေါင် သန်း ၁၈၀ ပေးပြီး ဆွဲဆောင်ဖို့ ပြင်ဆင်နေပါတယ်။ သတင်းတွေအရ ၎င်းတို့ဟာ ဆာလာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၆၀ နဲ့ လီဗာပူးအသင်းထံ ကမ်းလှမ်းမှု ဝင်မှာပါ။

လီဗာပူးအသင်း ခေါ်ယူလိုနေကြောင်း သတင်းထွက်နေတဲ့ လက်စတာ ကွင်းလယ်လူ ဒူစ်ဘူရီဟောဟာ မနေ့က ယှဉ်ပြိုင်တဲ့ ချန်ပီယံရှစ်ပွဲမှာ ပွဲထွက်ခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့ပါတယ်။

တိုက်စစ်မှူး ဂက်ပိုက လီဗာပူးအသင်းဟာ ကိုယ်လုပ်နိုင်တာတွေကို ချပြပြီး ဆုဖလား အောင်မြင်မှုတွေ ပြန်လည်ရယူဖို့ ဆာလောင်နေပါကြောင်း ထုတ်ပြောလာပါတယ်။

လိုင်ယွန်ခံစစ်သမား လုခေဘာကို လီဗာပူးဘက်က ကင်းထောက်နေပေမယ့် အသက် ၂၀ အရွယ် ပြင်သစ်သား ခံစစ်မှူးက လိုက်ဇစ်ထံ ရောက်ဖို့ ပိုမို အခွင့်အလမ်းများတယ်လို့ ရိုမန်နိုက ဆိုပါတယ်။

Nice ကွင်းလယ်လူ သူရမ်နဲ့ အပြောင်းအရွှေ့ ပျက်ခဲ့ခြင်း အဓိက အကြောင်းရင်းက ၎င်းအတွက် လီဂူးဝမ်းကလပ် တောင်းဆိုစျေးဟာ မြင့်မားတယ်လို့ လီဗာပူးဘက်က ယုံကြည်ခြင်းကြောင့် ဖြစ်ပါတယ်။

ကွင်းလယ်လူ သီယာဂိုဟာ ဒီနွေမှာ လုံးဝ အသင်းပြောင်းမှာ မဟုတ်ဘဲ လီဗာပူးမှာ ဆက်ရှိနေဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

ဒီအပတ်ဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူရေးအတွက် အရေးပါတဲ့ သီတင်းပတ်ဖြစ်သလို လီဗာပူးအသင်းက လက်ရှိအတွက်ကော အနာဂတ်အတွက်ပါ အသုံးဝင်မယ့် ခံစစ်မှူးသစ်ကိုပါ ရလိုကြောင်း ရိုမန်နိုက ဖော်ထုတ်လာခဲ့ပါတယ်။

ဆောက်သမ်တန် စီအီးအိုက သူတို့ရဲ့ ဘဏ္ဍာရေးပိုင်းဟာ တောင့်တင်းမှု ရှိနေတာကြောင့် လာဗီယာအပြင် ဘယ်ကြယ်ပွင့်ကို မဆို စျေးပေါပေါဖြင့် လက်လွတ်မှာ မဟုတ်ကြောင်း သတိပေးစကား ပြောလာပါတယ်။

နက်ဖီးလစ် ထွက်ခွာသွားရင် သူ့နေရာ တိုက်ရိုက် အစားထိုးမှုအဖြစ် လူငယ် ခံစစ်သမား ကွမ်းဆက်ကို လီဗာပူးနည်းပြအဖွဲ့ နေရာပေးဖွယ် ရှိနေပါတယ်။