လီဗာပူး လုပ်ရပ်က ရှက်ဖို့ကောင်းတယ်လို့ ကာရေဂါ ဝေဖန်ပြီး ကိုင်ဆီဒိုကို ခေါ်ဖို့ ဘာလို့များ မကြိုးစားလဲပါ မေးခွန်းထုတ်

ဂျင်မီကာရေဂါက လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ လာဗီယာအတွက် သီတင်းပတ်တွေကြာ ပျင်းရိဖွယ် ချိတ်ဆက်နေမှုဟာ ရှက်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဝေဖန်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လာဗီယာအတွက် ပေါင် ၃၇ သန်း၊ ပေါင် ၄၁ သန်းနဲ့ ပေါင် ၄၆ သန်းဆိုပြီး ၃ ကြိမ် ကမ်းလှမ်းရာမှာ ၃ ကြိမ်လုံး ပယ်ချခံခဲ့ရတာပါ။ ဆောက်သမ်တန်ကတော့ သူတို့ ကွင်းလယ်လူအတွက် ပေါင် သန်း ၅၀ ရမှ ရောင်းထုတ်ပေးမှာ ဖြစ်ပါတယ်။

လာဗီယာကို စျေးနည်းနည်းချင်း တိုးပေးပြီး အကြိမ်ကြိမ် ကမ်းလှမ်းနေတာအတွက် ကာရေဂါက ‘ ဒါကြီးက ရှက်ဖို့ကောင်းနေပြီ။ လာဗီယာက ပေါင် သန်း ၅၀ မတန်ဘူးထင်ရင် မခေါ်နဲ့တော့လေ။ သူ့ကို တကယ်ခေါ်ချင်ရင် အဲ့ပြောင်းရွှေ့ကြေး ပေးလိုက်တော့ပေါ့။

နောက်ပြီး လီဗာပူးက ဘာလို့များ ကိုင်ဆီဒိုကို ခေါ်ယူဖို့ မကြိုးစားတာလဲ? ဟုတ်ပါတယ် သူ့အတွက် ငွေအများကြီး သုံးရမှာပါ။ ဒါပေမယ့် လီဗာပူးမှာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ရောင်းချထားတဲ့ ပိုက်ဆံ ရှိနေတာပဲ ‘ လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ နှစ်ဦးကို ပေါင် ၅၂ သန်းဖြင့် ရောင်းချထားတာပါ။ ဒီနွေမှာ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ပေါင် ၉၅ သန်း အကုန်အကျခံ ခေါ်ယူထားတာဖြစ်ပြီး လာဗီယာအတွက် ပေါင် သန်း ၅၀ သုံးရင်တောင်မှ အသင်းရဲ့ အသာတင် အသုံးစရိတ်က ပေါင် သန်း ၁၀၀ ပဲရှိမှာ ဖြစ်ပါတယ်။

ဖာမင်နို၊ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ ကာဗာရိုတို့ကို လက်လွတ်ထားရချိန်မှာ လူစာရင်း ပြန်တည်ဆောက်ဖို့ ငွေမသုံးလိုဘူးဆိုတာက အတော်လေး နားလည်ရခက်ခဲတဲ့ အခြေအနေမျိုးမှာ ရှိနေတာ ဖြစ်ပါတယ်။