

ဒီအပတ်မှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ စတင်လာတော့မှာ ဖြစ်ကာ လီဗာပူးအသင်းက လန်ဒန်ကလပ် ချယ်ဆီးအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မနှစ်ကရာသီမှာ အဆင့် ၄ အပြင်ဘက်ကို ရောက်ခဲ့တာနဲ့အတူ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို လွဲချော်မယ့် အသင်းဟာ ကစားသမား အများအပြားကို အလွတ်စာချုပ်တွေ၊ အပြီးသတ် ထွက်ခွင့်တွေဖြင့် ရှင်းထုတ်ထားပါတယ်။ လက်ရှိ အချိန်ထိတော့ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ နှစ်ဦးပဲ ပြန်လည် ခေါ်ယူထားပါတယ်။
လီဗာပူးအသင်းရဲ့ လူသစ် ခေါ်ယူမှုတွေဟာ ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ မန်ယူနိုက်တက်၊ ချယ်ဆီး၊ နယူးကာဆယ်တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အတော်လေး အားပျော့နေဆဲပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ လူစာရင်း အနည်းပါးဆုံးအဖြစ် လီဗာပူးက အဆင့် ၂၀ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လာဗီယာအတွက် ချယ်ဆီးနဲ့ ပြိုင်ဆိုင်နေရသလို လက်ရှိ အချိန်ထိ ဗန်ဒိုက်၊ ကိုနတေးတို့ပဲ အမာခံရှိတဲ့ ဗဟိုခံစစ် နေရာအတွက် အင်အားဖြည့်မှု မလုပ်နိုင်သေးပါဘူး။ ဒါတွေကြောင့်ပဲ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်း စိန်ခေါ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေးနေတယ်။
များစွာသော လီဗာပူးပရိသတ်တွေ ကိုယ်တိုင်က ဒီရာသီ အသင်းအောင်မြင်မယ်လို့ ယုံကြည်ချက် မရှိဘဲ အသင်း ပြန်လည် တည်ဆောက်မှုမှာ အသုံးစရိတ် ထုတ်ဖို့ လက်တွန့်နေခြင်းကို စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် သုံးသပ်သူတွေထဲက လူသိများသူတွေရဲ့ လာမယ့်ရာသီ လီဗာပူးအသင်း ရာသီကုန် ရပ်တည်နိုင်မယ့် အဆင့်အတွက် ခန့်မှန်းချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
- မိုက်ကယ် အိုဝင် – အဆင့် ၃
- ဒန်နီ မာဖီ – အဆင့် ၃
- ပီတာ ခရော့ – အဆင့် ၃
- ရီယို ဖာဒီနန် – အဆင့် ၄
- ဘာဘာတော့ဗ် – အဆင့် ၄ အပြင်