

လီဗာပူးအသင်းဟာ ဒီနွေတစ်လျှောက်လုံး ချယ်ဆီးအသင်း ကြိုးစားနေတဲ့ ကိုင်ဆီဒိုအား ကြားဝင် ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ်လို့ တယ်လီဂရပ်ရဲ့ လန်ဒန် သတင်းထောက် Matt Law က ဖော်ပြလာပါတယ်။
ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ဒီနွေမှာ တောက်လျှောက် ချိတ်ဆက်မှု ပြုလုပ်နေတာဖြစ်ကာ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကလည်း စတမ်းဖိုဒ့်ဘရစ်ချ်ထံ ပြောင်းလိုကြောင်း ဆန္ဒတွေ ထုတ်ပြထားပါတယ်။
ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ ချယ်ဆီးဘက်က ကမ်းလှမ်းထားမှုထက် ပိုကောင်းတဲ့ ပမာဏဖြင့် ကိုင်ဆီဒိုကို ကြားဖြတ် ကြိုးစားလာတာလို့ သိရပါတယ်။
ဒီနှစ်တွေအတွင်း လီဗာပူးဟာ ကိုင်ဆီဒိုကို စိတ်ဝင်စားနေကြောင်း သတင်းတွေ မကြာခဏ မြင်ထားရပေမယ့်လို့ တရားဝင် ကမ်းလှမ်းမှု စတင်ဖို့ကို ဒီအပတ်ထိ စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
လက်တလောမှာ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ထိပ်တိုက် ကြိုးစားနေပါတယ်။ လီဗာပူးဘက်က ကမ်းလှမ်းမှု ၃ ကြိမ် ဝင်ထားတဲ့ လာဗီယာအတွက် ဗုဒ္ဓဟူးနေ့မှာပဲ ချယ်ဆီးက ပေါင် ၄၈ သန်းနဲ့ ကြားဖြတ် ကမ်းလှမ်းလာခဲ့တာပါ။
ဆောက်သမ်တန်ဘက်က လာဗီယာအတွက် ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပြီး ဘယ်ဂျီယံသားအတွက် ပေါင် သန်း ၅၀ တောင်းဆိုနေဆဲ ဖြစ်ပါတယ်။
လီဗာပူးကလည်း ဒီကနေ့မှာ ကိုင်ဆီဒိုအတွက် ကြားဝင် ကြိုးစားခဲ့ခြင်းဖြစ်ကာ ချယ်ဆီးပေးခဲ့တာထက် ပိုကောင်းတဲ့ စာချုပ် ပေးမယ်ဆိုတာကြောင့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ကို ကျော်ဖို့ ရှိပါတယ်။