NEWS: သီယာဂိုနဲ့ ဆော်ဒီကလပ် Al Ahli ကြား အပြောင်းအရွှေ့ အခြေအနေ

ဆော်ဒီကလပ် Al Ahli အသင်းဟာ လီဗာပူး ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူလိုပေမယ့် စပိန်သားကတော့ ရာသီကုန်ထိ အန်ဖီးမှာပဲ ဆက်နေလိုကြောင်း The Athletic သတင်းထောက် James Pearce က ဆိုပါတယ်။

ဆော်ဒီကလပ်ဟာ သီယာဂိုကို ပေါင် ၁၀.၄ သန်းဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေ ထွက်နေတာပါ။ ဒါပေမယ့် လီဗာပူးအသင်းဟာ ဆော်ဒီကလပ်ထံက သီယာဂိုအတွက် တရားဝင် ကမ်းလှမ်းမှု မရသေးဘူးလို့ သိရပါတယ်။

ကွင်းလယ်လူ ကိုင်တိုင်က လီဗာပူးအသင်းကနေ ထွက်ခွာလိုခြင်း မရှိတာမို့ အရင်လတုန်းက ဆော်ဒီဘက်က ကနဦး ချဉ်းကပ်မှုကို ပယ်ချထားပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ် ကျန်ရှိထားပြီး သူ့ရဲ့ စာချုပ် ကုန်ဆုံးတဲ့ထိ လီဗာပူးအသင်းမှာ ဆက်ရှိနေချင်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့လို ကွင်းလယ်လူတွေကို ဆော်ဒီပရိုလိဂ်တွေထံ ပေါင် ၅၂ သန်းဖြင့် ထွက်ခွင့်ပေးထားပါတယ်။ ဒါ့အပြင် မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်လို ကွင်းလယ်လူတွေကိုလည်း အလွတ်ဖြင့် ထွက်ခွင့်ပေးထားကာ အာသာကိုတော့ အပြီးသတ် ခေါ်ယူခြင်း မလုပ်ခဲ့ပါဘူး။

ပြန်လည် ခေါ်ယူမှုအဖြစ် မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်း၊ ဆိုဘိုစလိုင်ကို ပေါင် သန်း ၆၀ တို့ဖြင့် အင်အားဖြည့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ပေါင် ၄၆ သန်းဖြင့် ကမ်းလှမ်းမှု ပယ်ချခံထားရပြီး ကိုင်ဆီဒိုအတွက် ဘရိုက်တန်ကို စတင် ချိတ်ဆက်ထားပါတယ်။

လီဗာပူးဘက်က ဘာ့ဆီတစ်ထက် ၁ နှစ်ပဲ ကြီးတဲ့ လာဗီယာအတွက် ဆောက်သမ်တန် လိုချင်တဲ့အတိုင်း ပေါင် သန်း ၅၀ ပေးဖို့ ဆန္ဒ မရှိဘူးလို့ သိရပြီး ပရီးမီးယားလိဂ် မစတင်ခင် လာဗီယာလား၊ ကိုင်ဆီဒိုလား သေချာလေး ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။