BREAKING: ကိုင်ဆီဒိုကို ဗြိတိန် စံချိန်တင်ကြေးဖြင့် လီဗာပူးနဲ့ ဘရိုက်တန်ကြား သဘောတူညီမှု ရပါပြီ။

လီဗာပူးအသင်းနဲ့ ဘရိုက်တန်တို့ဟာ ကိုင်ဆီဒိုအတွက် ဗြိတိန်စံချိန်တင်ကြေး ပေါင် သန်း ၁၁၀ ဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း The Athletic သတင်းထောက် David Ornstein က အတည်ပြုပါတယ်။

ကြာသပတေးညမှာ ကလပ်နှစ်သင်းကြား အကျိတ်အနယ် ဆွေးနွေးခဲ့ကြပြီး လီဗာပူးအသင်းက အမြင့်ဆုံး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၀ သန်း ထိကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးဘက်က အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၁၀၀ ထိ ကမ်းလှမ်းခဲ့ပါတယ်။

ကိုင်ဆီဒိုနဲ့ လီဗာပူးကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရသေးပေမယ့်လို့ မ​ကြာခင် တရားဝင်ဖြစ်လာဖို့ ရှိနေပါတယ်။ သောကြာနေ့မှာတင် ဆေးစစ်ဖို့လည်း ပြင်ဆင်ထားပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုကို ခေါ်ယူရေး တောက်လျှောက် ရှေ့ပြေးခဲ့ပေမယ့် လီဗာပူးဘက်က ကွင်းလယ်အတွက် ဘယ်သူ့ကို ခေါ်ယူမလဲဆိုတာ နောက်ကွယ်ကနေ ဆွေးနွေးနေခဲ့တာပါ။ ဒီအပတ်မှာတော့ ကိုင်ဆီဒိုအတွက် ကမ်းလှမ်းမှု ဝင်လာခဲ့ပါတယ်။

မက်ကယ်လစ္စတာရဲ့ တွဲဘက်ဟောင်းဟာ ပရီးမီးယားလိဂ်ရဲ့ အလိုရှိခြင်း အခံရဆုံး ကွင်းလယ်လူ ဖြစ်တာနဲ့အညီ လီဗာပူးအသင်းဟာ ဗန်ဒိုက်အတွက် ပေးခဲ့တဲ့ ကလပ်စံချိန်တင်ကြေး ပေါင် ၇၅ သန်းအပြင် ပရီးမီးယားလိဂ် စံချိန်တင်ကြေးထိ ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

လီဗာပူးအသင်းဟာ ကွင်းလယ် ပြန်လည် တည်ဆောက်ဖို့ အမြင့်ဆုံးသော စိတ်ဆန္ဒကို ပြသခဲ့တာဖြစ်ပြီး ဒီနွေမှာတင် ကွင်းလယ်လူသစ် ၃ ဦးအတွက် ပေါင်း သန်း ၂၀၀ ထိ အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။

ကိုင်ဆီဒိုဟာ ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ဖွယ် မရှိပေမယ့်လို့ အိမ်ကွင်းပွဲဖြစ်တဲ့ လူတန်တောင်းနဲ့ပွဲမှာ ပရိသတ်တွေနဲ့ မိတ်ဆက်ခံရမှာ ဖြစ်ပါတယ်။