

မနက်တုန်းကပဲ လီဗာပူးအသင်းဟာ A boss ရှိုးမှာ ကလပ်ရဲ့ တတိယ ဂျာစီကို မိတ်ဆက်သွားပါတယ်။ အယ်လီဆန်ရဲ့ ဂိုးသမားဂျာစီနဲ့အတူ လူကြိုက်များခဲ့တဲ့ ခရမ်းရောင် အသားပေး ဒီဇိုင်းဖြစ်ပါတယ်။
A special night 💜 pic.twitter.com/mQtd0BqV7G
— Liverpool FC (@LFC) August 10, 2023
ဘရိုက်တန်ဟာ ကြာသပတေးနေ့ နောက်ဆုံးထားပြီး ကိုင်ဆီဒိုအတွက် အမြင့်ဆုံးပေးမယ့် အသင်းထံ ရောင်းချထားဖို့ ပြင်ဆင်ထားကာ လီဗာပူးအသင်းက အချိန်မှန်ကို ရောက်ဖို့ ဒီနွေတစ်ခုလုံး စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။
နည်းပြကလော့ပ်ဟာ မနေ့ညတုန်းက ကိုင်ဆီဒိုနဲ့ စကားပြောခဲ့ပြီး သူ့ရဲ့ ပလန်တွေကို ကစားသမားအား မျှဝေမှုတွေ လုပ်ခဲ့ကာ ကွင်းလယ်လူရဲ့ စိတ်ကို လီဗာပူးထံ ပြောင်းလာဖို့ သွေးဆောင်ခဲ့ပါတယ်။
ကိုင်ဆီဒိုဟာ လာဗီယာထက် တစ်ဆင့်မြင့်တဲ့ ကစားသမားဖြစ်ပြီး သီတင်းပတ် အနည်းငယ်အတွင်း လီဗာပူး ပွဲထွက်လူစာရင်း တစ်နေရာမှာ ချက်ခြင်း ပါဝင်နိုင်တယ်လို့ အကဲဖြတ်ခံနေရပါတယ်။
လီဗာပူးဘက်က ချယ်ဆီးတို့ ကြားဖြတ် ဝင်လာမှာကို သတိထားနေပြီး ဒီကနေ့ အစောမှာတင် ကိုင်ဆီဒိုကို အပြီးသတ် ကိစ္စတွေ လုပ်လိုနေတာမို့ အပြောင်းအရွှေ့ ကြေညာမှုဟာ သောကြာနေ့မှာပဲ ဖြစ်လာနိုင်ပါတယ်။
လီဗာပူးနည်းပြအဖွဲ့က ရာသီကြိုမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ ဘယ်ခြမ်း ခံစစ်မှူး ကွမ်းဆက်ကို ယူ-၂၁ အသင်းထံ ပြန်မပို့တော့ဘဲ စီနီယာအသင်းအတွက် ခေါ်ယူထားပါတယ်။
သီယာဂိုဟာ ဒီနွေမှာ ဆော်ဒီကလပ်ထံက ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ရနေပေမယ့် အခုချိန်ထိ ငြင်းဆန်ထားဆဲဖြစ်ကာ လီဗာပူးမှာပဲ ရာသီကုန်ထိ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။
ရိုမီယို လာဗီယာအတွက် ပေါင် သန်း ၅၀ ပေးဖို့ လီဗာပူးအသင်းမှာ အသုံးစရိတ် ရှိထားခဲ့ပါတယ်။ ဒါပေမယ့်လို့ ကလပ်ကြယ်ပွင့် ဘာ့ဆီတစ်ထက် တစ်နှစ်ပဲ ပိုကြီးတဲ့ ကွင်းလယ်လူအတွက် ဆောက်သမ်တန် တောင်းစျေးက များတယ်လို့ ယူဆခြင်းကြောင့် လီဗာပူးဘက်က မပေးခဲ့တာလို့ Paul Joyce က ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဘယ်လင်ဟမ်ကို ခေါ်ယူရေးကနေ နောက်ဆုတ်ခဲ့တာဟာ ပြောင်းရွှေ့ကြေးကြောင့်ထက် ကစားသမားရဲ့ စိတ်က ရီးရဲလ်မက်ဒရစ်ဘက်ကို ယိမ်းသွားပြီဆိုတာ သိခဲ့တာကြောင့်ဖြစ်ကြောင်း မာဆေးဆိုဒ် သတင်းတွေက ဆိုပါတယ်။
ဒီရာသီမှာ ကစားသမားနဲ့ နည်းပြတွေက ဒိုင်တွေကို ဆိုးရွားတဲ့ အပြုအမှုနဲ့ ဖိအားပေးရင် ကဒ်ပြခံရမှု ပိုမို များပြားမယ်လို့ ပရီးမီးယားလိဂ်က သတိပေးထားပါတယ်။