

လီဗာပူးသတင်းထောက်တွေထဲမှာ ပရိသတ်တွေဘက်က လက်ခံပြီး လူလေးစားခံ သတင်းထောက် တစ်ဦးရှိပါတယ်။ အဲ့သတင်းထောက်က ထူးထူးခြားခြားပဲ အမျိုးသမီးဖြစ်ပါတယ်။ သူမကို Melissa Reddy လို့ ခေါ်ပါတယ်။
Melissa Reddy ဟာ Echo မှာ James Pearce လုပ်နေတည်းကကို လီဗာပူးပရိသတ်တွေကြား လူသိများပါတယ်။ ဒါပေမယ့် သူမက Goal ကနေ ESPN တို့ Joe တို့ကို ပြောင်းသွားခဲ့ပြီး သတင်းဌာန တစ်ခုခုမှာ တည်တည်ငြိမ်ငြိမ် ရှိနေတာမျိုး မရှိခဲ့ပါဘူး။
Melissa Reddy ဟာ လီဗာပူးဖန်ဆိုဒ်တွေကြားမှာ လေးစားခံ သတင်းသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် FSG ရဲ့ PR လို့ စွပ်စွဲလို့ မရတဲ့ လီဗာပူးသတင်းထောက်တွေထဲ သူမ ပါပါတယ်။
The Anfield Wrap လို့ ဂုဏ်သိက္ခာရှိ လီဗာပူး ရေဒီယို ချန်နယ်မှာလည်း သူမ စာတွေ ဝင်ရေးဖူးပါတယ်။ ဒါကြောင့်လည်း လီဗာပူး အမာခံပရိသတ်တွေက သူမကို သိကြပါတယ်။
ထူးထူးခြားခြားဆိုရင် သူမဟာ လီဗာပူးအတွင်းရေးတွေထဲက မဖော်ပြသင့်တဲ့ အတွင်းသတင်းတစ်ခုကို စကိုင်းစပေါ့ ရေးသားခဲ့လို့ ကလော့ပ်ရဲ့ ဒေါသကို ရင်ဆိုင်ရဖူးပါတယ်။
အခုနောက်ဆုံး Melissa Reddy အလုပ်လုပ်နေတာက SkySports ပဲ ဖြစ်ပါတယ်။ လီဗာပူး အပြောင်းအရွှေ့ ကိစ္စ နောက်ဆုံးရနဲ့ မှန်မှန်ကန်ကန် သတင်းတွေကို သိချင်တယ်ဆိုရင် သူမကို တွစ်တာမှ ဖော်လိုး လုပ်ထားကြပါ။
ဒီပိုစ့်ကို ကျနော်တို့ ဖေ့ဘုတ်ပေ့မှာ တင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ LFCThaDin ဝဘ်ဆိုဒ်ကို အမာခံ အားပေးတဲ့ ပရိသတ်တွေအတွက် သီးသန့် ဖော်ပြတာ ဖြစ်ပါတယ်။