လီဗာပူးအသင်းဟာ ကိုင်ဆီဒိုကို ခေါ်ယူရေး ဘရိုက်တန်နဲ့ သဘောတူညီမှု ရခဲ့ပေမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေ ပါဝင်လာခြင်းနဲ့အတူ ခက်ခဲတဲ့ အခြေအနေကို ဆိုက်ရောက်လာပါတယ်။
ဒီမနက်မှာ လီဗာပူးနဲ့ ဘရိုက်တန်တို့ဟာ ကိုင်ဆီဒိုအတွက် ပေါင် ၁၁၁ သန်းဖြင့် သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုဟာ မနက် ၃ နာရီမှာ ပေးခဲ့တာဖြစ်ပြီး ကစားသမားဘက်ခြမ်းနဲ့တော့ ဒီမနက် ၁၀ နာရီ ကလော့ပ်နဲ့ တွေ့ဆုံပေးခြင်းဖြင့် အပြီးသတ်ဖို့ စီစဉ်ခဲ့တာပါ။
ကိုင်ဆီဒိုရဲ့ ကိုယ်စားလှယ်တွေဟာ ချယ်ဆီးထံက ပိုပြီး အကျိုးအမြတ်ရမှာကို မစွန့်လွှတ်လိုတာကြောင့် လီဗာပူးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရသေးတဲ့ အချက်ကို အခွင့်အရေးအဖြစ် အသုံးချကာ ညိနှိုင်းမှုထဲ ချယ်ဆီး ပြန်ပါနိုင်ရေး လမ်းစ ဖော်ထုတ်ဖို့ ကြိုးစားလာခဲ့တယ်။
ကိုင်ဆီဒိုဟာ ချယ်ဆီးထံ ပြောင်းမယ်လို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့တာ ကာလ အတန်ကြာခဲ့ပြီဖြစ်ကာ လပိုင်းလောက်ထိ ကြာနေပြီလို့ သိရပါတယ်။ ကိုင်ဆီဒိုက ချယ်ဆီးကို ပေးခဲ့တဲ့ သူကတိကို တည်လိုပြီး လန်ဒန်ကလပ်အပေါ် သူ့ရဲ့ လေးစားမှု ပြသလိုပါတယ်။ သူကိုယ်တိုင်ကတော့ လီဗာပူးကို ပြောင်းရလည်း အဆင်ပြေပါတယ်။
ဒီနေ့ခင်းပိုင်းကစပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေက အပြောင်းအရွှေ့ ကိစ္စ မပြီသေးကြောင်းနဲ့ လီဗာပူး ကမ်းလှမ်းတာထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရင် ချယ်ဆီးထံ ပြောင်းမယ့်အကြောင်း စတင်ကာ သတင်းလွှင့်လာခဲ့ပါတယ်။
ကစားသမားရဲ့ ကိုယ်စားလှယ်တွေက လီဗာပူးနဲ့ သဘောတူညီမှု ယူဖို့ထက် ငွေကြေး အကျိုးအမြတ် ပိုရယူဖို့ ကြိုးစားနေကာ ရိုမန်နိုလို ပုဂ္ဂိုလ်ကလည်း အစိတ်အပိုင်းအဖြစ် ပါဝင်ကူညီနေတယ်လို့ နားလည်ရပါတယ်။
ချယ်ဆီးက ကစားသမားဘက်ကို အတော်လေး ညိနှိုင်းနေပြီး ဘရိုက်တန်ကတော့ လီဗာပူးပေးတဲ့ ပေါင် ၁၁၁ သန်းထက် ပိုပေးမှ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးမှာပါ။ ကိုင်ဆီဒိုရဲ့ ဆုံးဖြတ်ချက်က အပြောင်းအရွှေ့ကို အပြီးသတ်ပေးမှာဖြစ်ပါတယ်။