လာဗီယာ၊ ကိုင်ဆီဒို အပြောင်းအရွှေ့နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ဆော်ဒီကလပ်နဲ့ အခြားသော လိဂ်တွေဘက်က ကမ်းလှမ်းကြပေမယ့်လို့ သီယာဂိုဟာ လီဗာပူးမှာပဲ ဆက်နေမှာဖြစ်ကြောင်း နည်းပြကလော့ပ်က အတည်ပြုပါတယ်။

ကစားသမား တစ်ယောက်အတွက် ပေါင် သန်း ၁၀၀ ပေးပြီး မခေါ်သင့်ဘူးလို့ သူပြောခဲ့တာ မှားတယ်လို့ ကလော့ပ်က ဝန်ခံပါတယ်။ ဒါပေမယ့်လို့ ဘောလုံး မြင်ကွင်းကျယ်က ပြောင်းလဲသွားတာကလည်း အကြောင်းရင်းတစ်ရပ်လို့ တုန့်ပြန်ပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် လီဗာပူး ကမ်းလှမ်းထားတဲ့ ပေါင် ၁၁၁ သန်း ဒါမှမဟုတ် အဲ့ထက် ပိုများတဲ့ ကမ်းလှမ်းမှုဖြင့် ဘရိုက်တန်ထံ စကားပြောဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ပေါင် ၅၅ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းပြီး ဘယ်ဂျီယံသားပါ လီဗာပူးထံ မရောက်ရေး အားထုတ်နေပါတယ်။

လီဗာပူးအသင်းဟာ ကိုင်ဆီဒိုအတွက် ချယ်ဆီးဘက်က ငွေပေးချေဖို့ရာ အခက်အခဲ ရှိမယ်လို့ နားလည်ထားမှုနဲ့အတူ ကစားသမားအတွက် အပြောင်းအရွှေ့ ချိတ်ဆက်ထားမှုကို မရုတ်သိမ်းထားပါဘူး။

ကိုင်ဆီဒိုရဲ့ အေးဂျင့်အဖွဲ့ဟာ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက်တွေက တစ်ဆင့် ကိုင်ဆီဒို ကိစ္စမှာ လီဗာပူး နှုတ်ထွက်သွားအောင် ကြိုးစားမှုတွေ ရှိနေပါတယ်။

ကာလတို အခြေအနေမှာ ကိုင်ဆီဒိုကို ခေါ်ယူနိုင်မယ့် အသင်းအဖြစ် လီဗာပူး ဆက်ရှိနေပါတယ်။ အခုချိန်ထိ ဘရိုက်တန်နဲ့ သဘောတူညီမှု ရထားတာက လီဗာပူး တစ်သင်းတည်း ရှိပါတယ်။

ကိုင်ဆီဒိုဟာ လီဗာပူးကို ပြောင်းဖို့ ငြင်းဆန်ပြီး ချယ်ဆီးထံ ပြောင်းရွှေ့လိုပါတယ်။ ဒီအပြောင်းအရွှေ့မှာ လန်ဒန်ကလပ်ကို ရွေးချယ်ခြင်းက သူ့အတွက်ကော သူ့ရဲ့ ကိုယ်စားလှယ် အဖွဲ့အတွက်ပါ ငွေကြေး အကျိုးအမြတ်ကြီး ရစေမှာပါ။

လီဗာပူးပရိသတ်တွေက ကိုင်ဆီဒိုကို ခေါ်ယူဖို့ ဆက်လက်ပြီး မကြိုးစားစေလိုကြတော့ပါဘူး။ ဒါပေမယ့်လို့ အသင်းဘက်က ကမ်းလှမ်းမှုကို မရုတ်သိမ်းခြင်းဟာ မှန်ကန်တဲ့ ကိစ္စအဖြစ် သဘောတူကြပါတယ်။

လီဗာပူးအသင်းဟာ စပို့တင်း ခံစစ်မှူး အန်နာဆီယိုကို ခေါ်ယူလိုကြောင်းကို ပေါ်တူဂီ ရုပ်သံက ဖော်ပြမှု ပြုလုပ်ခဲ့ပါတယ်။