

ဆော်ဒီကလပ် Al-Ahli အသင်းက သီယာဂိုကို ယူရို ၁၂ သန်းဖြင့် ခေါ်ယူလိုပေမယ့် လီဗာပူးဘက်က ကွင်းလယ်လူကို ရာသီကုန်ထိ ဆက်ထိန်းသွားဖို့ပဲ ရည်ရွယ်ထားပါတယ်။
သီယာဂို ကိုယ်တိုင်ကလည်း ဥရောပမှာပဲ ဆက်ကစားလိုပြီး တူရကီနဲ့ ဆော်ဒီကလပ်တွေရဲ့ ချိတ်ဆက်မှုကို ငြင်းဆန်ထားပါတယ်။ လက်ရှိ လီဗာပူး ကွင်းလယ်မှာ အသက်အကြီးဆုံး ဖြစ်တဲ့ သီယာဂိုဟာ သူ့ကောင်လေးတွေကို ကွင်းတွင်း ကွင်းပြင် ဦးဆောင်ပေးမယ့်သူလို့ ကလော့ပ်က ယုံကြည်နေပါတယ်။
ယာဂင်က “ သီယာဂို လေ့ကျင့်ရေး ဝင်နေပါပြီ။ သူ အသင်းလူစာရင်းထဲ ပြန်လာပြီ သူယူရမယ့် တာဝန်အတွက် မေးမြန်းခဲ့သလို ကျနော်တို့ စကားပြောခဲ့ပါတယ်။ သူက တကယ့် သမ္ဘာရင့် ကစားသမားပါ။ ဒီလူစာရင်းမှာ အသင်းဖော်တွေကို ကူညီပေးဖို့ အကြံပေးဖို့ သူ ရှေ့ထွက်လာပေးပါတယ်။
သီယာဂိုက အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်တာ သီတင်းပတ်ပဲ ရှိသေးပေမယ့် တကယ်ကို ဦးဆောင်ပေးနေပါတယ်။ သူက ကျနော်တို့တွေအတွက် သိပ်ကို အကူအညီဖြစ်တဲ့ ကစားသမားပါ ” လို့ အခြေအနေကို ထုတ်ပြောခဲ့ပါတယ်။
သီယာဂိုဟာ တနင်္ဂနွေနေ့ ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားပေးဖို့ မဖြစ်နိုင်လောက်ဘူးလို့ သိထားရတယ်။ မနှစ်ကရာသီ ကာလရှည် ဒဏ်ရာကြောင့် အနားယူထားရတဲ့ သူ့ကို အဝတ်လဲခန်း ဦးဆောင်သူ နေရာမှာတော့ ချက်ခြင်း အားကိုးနိုင်တာ ဖြစ်ပါတယ်။
ယာဂင်ကလော့ပ် ဂက်ပို၊ ဆိုဘိုနဲ့ မာကာတို့ဟာ လီဗာပူး ခေါင်းဆောင်အဖွဲ့ထဲ ဝင်ရောက်နိုင်ဖို့ အရည်အချင်းရှိသူတွေလို့ ဖော်ထုတ်ခဲ့ကာ ကစားသမားဘဝ တစ်ဆင့်ပိုမြင့်တဲ့ အနေအထားကို ရောက်ရေး သက်သေပြကြဖို့ နှိုးဆော်ခဲ့ပါသေးတယ်။