

မနက်ဖြန် ည ၁၀ နာရီမှာတော့ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်း အိမ်ကွင်းထံ သွားပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကို စတင် ယှဉ်ပြိုင်ပါမယ်။
ဒီရက်တွေမှာ လာဗီယာ၊ ကိုင်ဆီဒိုအတွက် အပြိုင် လုနေကြခြင်းနဲ့အတူ ရာသီ အဖွင့်ပွဲဟာ မျှော်လင့်ထားတာထက် ပိုမို ပြင်းထန်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒီပွဲစဉ်အတွက် ဘီဘီစီမှ သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းကို ဖော်ပြလိုက်ပါတယ်။
ခရစ်ဆက်တန်က ” ဒီပွဲစဉ်မှာ ဘာဖြစ်လာမယ်ဆိုတာ ကျနော် အများကြီး ခန့်မှန်းလို့မရနိုင်ပါဘူး။ အထူးသဖြင့် ချယ်ဆီးကြောင့်ပါပဲ။ ပိုချက်တီနိုက သိပ် ကံမကောင်းခဲ့ဘဲ ရောက်လာတာနဲ့အတင် အန်ကွန်းကူ ဒဏ်ရာရတာကို ရင်ဆိုင်ထားရပါတယ်။
ချယ်ဆီးက ကစားသမားတွေကို ပိုပြီး လက်မှတ်ထိုးဦးမယ်လို့ မြင်နေရပါတယ်။ လီဗာပူးကလည်း ကစားသမားသစ် လက်မှတ်ထိုးနိုင်ဖို့ ချယ်ဆီးနဲ့အပြိုင် ကြိုးစားနေပါတယ်။
ဒီနွေမှာ စတမ်းဖိုဒ့်ဘရစ်ဂျ်ကနေ ကစားသမားတွေ အများကြီး ထွက်သွားတာဟာ ချယ်ဆီးအတွက် ပြဿနာတွေ ဖြစ်စေမှာ မဟုတ်ပါဘူး။ သူတို့က မနှစ်တုန်းက ချယ်ဆီးအတွက် ကြီးကြီးမားမား ပါဝင်ခြေစွမ်းပြခဲ့သူတွေလည်း မဟုတ်ဘူးပဲလေ။
ချယ်ဆီးမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေသေးပြီး အဓိက မေးခွန်းက သူတို့ကို ကစားကွက်မှာ အထိုင်ကျအောင် ပိုချက်တီနိုဘက်က အချိန် ဘယ်လောက် ယူရမလဲ ဆိုတာပါပဲ။ ဂျက်ဆန်က ချယ်ဆီးတို့ လိုအပ်တဲ့ သွင်းဂိုးတွေအတွက် ကြိုးစားပေးနိုင်သူ ဖြစ်လာကောင်း ဖြစ်လာနိုင်ပါတယ်။
လီဗာပူးခံစစ်က သူတို့အတွက် စိုးရိမ်စရာပါပဲ။ သူတို့ အသင်းက ခံစစ်ပေးဂိုးတွေ ရှိထားပါတယ်။ တနင်္ဂနွေနေ့ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကျနော်တို့ သွင်းဂိုး လှိုင်လှိုင်မြင်ရမယ် ထင်ပါတယ် ” ဆိုပြီး သုံးသပ်ခဲ့ပါတယ်။
ခရစ်ဆန်ကတော့ ဒီပွဲမှာ ချယ်ဆီး ၂-၃ လီဗာပူး ရလဒ် ထွက်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။