ပရီးမီးယားလိဂ် အဖွင့်ပွဲ၊ ကိုင်ဆီဒိုအတွက် စျေးတိုးပေးမယ့် ချယ်ဆီး၊ လာဗီယာကိုပါ လက်လွှတ်ရဖို့ရှိခြင်း နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ချယ်ဆီးအသင်းထံ အိမ်ကွင်းထံ သွားရောက် ရင်ဆိုင်ပါမယ်။

လီဗာပူးအသင်းပိုင်ရှင် ဂျွန်ဟင်နရီဟာ ဒီကနေ့ပွဲကို တက်ရောက် ကြည့်ရှုမယ်လို့ သိရပါတယ်။ သတင်းအချို့မှာတော့ ဂျွန်ဟင်နရီဟာ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဖြင့် ဆွေးနွေးမှုအချို့ တက်ဖွယ် ရှိသလို လီဗာပူးနည်းပြ ကလော့ပ်နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုကို လီဗာပူးပေးထားတဲ့ ပေါင် ၁၁၁ သန်းထက် ကျော်ပြီး ပေါင် ၁၁၅ သန်းဖြင့် သဘောတူညီမှုရဖို့ နီးစပ်နေကြောင်းကို The Times သတင်းထောက် Paul Joyce က ထုတ်ဖော်လိုက်ပါတယ်။

ဂိုးသမားကီပါဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့မှာမို့ ဒီည လီဗာပူးကို ရင်ဆိုင်မယ့် လူစာရင်းမှာ မပါနိုင်ဘဲ ၎င်းတို့ အသစ်ခေါ်ယူထားတဲ့ ဘရိုက်တန် ဂိုးသမား ဆန်းချက်စ်ကို ထုတ်သုံးမယ်လို့ သိရပါတယ်။

ဒီကနေ့ညပွဲမှာ နည်းပြကလော့ပ်ဟာ ဂက်ပိုကို ကွင်းလယ် နံပါတ် ၁၀ နေရာထားပြီး ဂျိုတာကို အထောင်ထားမယ်လို့ သုံးသပ်ခံနေရပါတယ်။

ချယ်ဆီးအသင်းဟာ လာဗီယာကို လီဗာပူးထံ မပါအောင်ဆိုကာ ဆောက်သမ်တန် သတ်မှတ်ထားတဲ့ ပေါင် သန်း ၅၀ ထက်ကို စျေးပိုပေးပြီး ပေါင် ၅၂ သန်း + ပေါင် ၃ သန်းဖြင့် ကမ်းလှမ်းမှာပါ။

လီဗာပူးကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်တွေဖြစ်ကာ အသင်းအဝတ်လဲခန်းက အသင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်လို့ သိရပါတယ်။ ၎င်းတို့က မီဒီယာထက်က သတင်းတွေအစား ချယ်ဆီးပွဲမှာ ရလဒ်ကောင်းယူဖို့ကိုပဲ အာရုံစိုက်နေပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်အပတ်အတွင်း ကလပ်ရဲ့ ပစ်မှတ်သစ်တွေအတွက် ထပ်မံ ကြိုးစားမှာဖြစ်ပေမယ့် အများရှေ့ထံ သတင်းမထွက်ပေါ်ဖို့ကို ကြိုးစားသွားမှာပါ။

လီဗာပူး ယူ-၁၈ အသင်းဟာ ရာသီအဖွင့်ပွဲအဖြစ် ဖောရက်စ် ယူ-၁၈ အသင်းကို ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

လိုက်ဇစ်ထံ အငှားထွက်နေတဲ့ ကာဗာရိုဟာ သူ့ရဲ့ ပထမဆုံး ဆုဖလားအဖြစ် ဂျာမာန် စူပါဖလားကို အနိုင်ရခဲ့ပါတယ်။