

လီဗာပူးအသင်းဟာ မနေ့ညက ချယ်ဆီးအသင်းနဲ့ သရေကျခဲ့ပြီးနောက် လူစာရင်း လိုအပ်ချက် ရှိနေကြောင်း ပိုမို မြင်သာခဲ့ပြီဖြစ်ပါတယ်။
ခံစစ်အနေအထားတွေအတွင်း ရိစ်ဂျိမ်းကို ရော်ဘတ်ဆန် မတားဆီးနိုင်ခဲ့သလို ကစားကွက် တည်ဆောက်ချိန်တွေမှာလည်း သူဟာ အတော်လေး ရုန်းကန်ခဲ့ရကာ ဖြစ်သလိုတွေ ရှင်းထုတ်ခြင်းနဲ့ပဲ ကိုင်တွယ်နေခဲ့တာပါ။ အန်ဇို ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ် တိုက်ပွဲမှာလည်း ဂက်ပို အတော်လေး ရုန်းကန်ခဲ့ရပါတယ်။
လီဗာပူး သတင်းထောက် James Pearce ကတော့ ” ရူးလောက်တဲ့ ရာသီစပါပဲ။ နိုင်နိုင်ချေ ရှိခဲ့သလို ရှုံးနိုင်ချေလည်း ရှိခဲ့တယ်။ အမှန်တရားကတော့ ၁ မှတ်ထက် ပိုရဖို့ မထိုက်တန်ခဲ့ပါဘူး။
တိုက်စစ်ပိုင်း အထင်ကြီးစရာတွေ ရှိပေမယ့်လို့ ဆိုးဆိုးရွားရွားကို ဘောလုံး ဆုံးရှုံးလွန်းပါတယ်။ နံပါတ် ၆ သမား အမြန်ခေါ်ယူဖို့ လိုနေပါပြီ ” လို့ တိုက်တွန်းခဲ့တာပါ။
အဆိုပါ ပွဲအပြီးမှာတော့ ချယ်ဆီးဟာ ကိုင်ဆီဒိုအတွက် ပေါင် ၁၁၅ သန်းပေးဖို့ ဘရိုက်တန်အသင်းနဲ့ သဘောတူလိုက် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် လာဗီယာအတွက်လည်း သဘောတူညီမှု ရခဲ့ပြီလို့ ဖော်ပြလာကြတာပါ။
လီဗာပူးအသင်းဟာ ကွင်းလယ်လူနေရာ ဦးစားပေး ရှာဖွေရမှာဖြစ်ပေမယ့် ဘယ်ခြမ်းကို ဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ လီဗာပူးရဲ့ ညာခြမ်းခံစစ်အပြင် အခုချိန်မှာ ဘယ်ခြမ်းကလည်း အတော်လေး ပြဿနာရှိကြောင်း အားလုံးက မြင်လာနေပြီ ဖြစ်ပါတယ်။
စကိုင်းစပေါ့မှာ ပင်တိုင် သုံးသပ်သူအဖြစ် ပါဝင်သွားတော့မယ့် စတားရစ်ကလည်း ” နေရာ ၂ ခုလောက်မှာ လီဗာပူးပိုင်ရှင်တွေက နည်းပြကလော့ပ်ကို အင်အားဖြည့်ပေးဖို့ လိုအပ်နေပါတယ် ” လို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။