လီဗာပူးက မက်ကယ်လစ္စတာအတွက် ပေါင် ၅၅ သန်း ပေးရမှာလို့ ဗြိတိန်မီဒီယာကြီး ဆို

လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူခဲ့တာလို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန်ကနေ မက်ကယ်လစ္စတာကို ပြောင်းရွှေ့ကြေး မဖော်ပြတဲ့ ပမာဏဖြင့် ခေါ်ယူခဲ့တာပါ။ ဒါပေမယ့်လို့ ကလပ်ဟာ စာချုပ်ပါကြေး ပေါင် ၃၅ သန်းဖြင့် ခေါ်ယူခဲ့တာလို့ ဖော်ပြမှုတွေ ရှိပါတယ်။

မနေ့က ချယ်ဆီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဗြိတိန်ရုပ်သံဖြစ်တဲ့ စကိုင်းစပေါ့က မက်ကယ်လစ္စတာကို လီဗာပူး ခေါ်ယူတဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၅၅ သန်းလို့ ဖော်ပြခဲ့တယ်။ ၎င်းတို့ကတော့ ပေါင် ၃၅ သန်းဟာ ကနဦးကြေးဖြစ်ပြီး ထပ်တိုးကြေး နောက်ထပ် ပေါင် သန်း ၂၀ ပါဝင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေပါတယ်။

ဒီနွေအတွက် လီဗာပူးအသင်းရဲ့ အသုံးစရိတ်ကိုလည်း ပေါင် ၁၁၅ သန်းလို့ ဖော်ပြခဲ့ပြီး ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကို ရောင်းချစဉ် ပေါင် ၅၃ သန်း ပြန်ရခဲ့လို့ အသာတင် ပေါင် ၆၂ သန်း သုံးထားတယ်လို့ ဆိုပါတယ်။

လီဗာပူးရဲ့ နောက်ထပ် ကြိုးစားမှုအဖြစ် ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ပေါင် သန်း ၆၀ ဖြင့် သဘောတူညီမှု ရခဲ့တယ်လို့ ဆိုပြီး ချယ်ဆီးကလည်း ဆယ်ကျော်သက်အတွက် ကြိုးစားနေဆဲလို့ စကိုင်းစပေါ့ရဲ့ Transfer LIVE ကနေ ဖော်ပြသွားတာပါ။

လာဗီယာ အခြေအနေဟာ မြန်မြန်ဆန်ဆန် အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ သိရပြီး ကစားသမားဟာ လီဗာပူးနဲ့ကော ချယ်ဆီးနဲ့ပါ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားတာ ဖြစ်ပါတယ်။