နောက်ဆုံးရ အပြောင်းအရွှေ့ဆိုင်ရာ သတင်းအချို့နဲ့အတူ လီဗာပူး နံနက်ခင်း သတင်းများ

ကိုင်ဆီဒိုကို လီဗာပူး ခေါ်ယူနိုင်ခြင်း မရှိတဲ့ အဓိက အကြောင်းရင်းဟာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မယူနိုင်ခြင်း ဖြစ်ပါတယ်။ ကိုင်ဆီဒိုဟာ ချယ်ဆီးမှာတော့ အန်ဇီု ဖာနန်ဒက်စ် နည်းတူ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကျော်ရမယ်လို့ သိရပြီး လီဗာပူးက အဲ့လောက် ပမာဏ ပေးချေဖို့ အစီအစဉ် မရှိတာပါ။

ချယ်ဆီးအသင်းဟာ ရိုမီယို လာဗီယာကို လီဗာပူးထက် လုပ်ခ ပိုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ကစားသမားကလည်း သူ့ကို ကျော်ပြီး ကိုင်ဆီဒိုအတွက် လီဗာပူး ကြိုးစားခြင်းကို စိတ်နာခြင်းကြောင့် ချယ်ဆီးကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် ချယ်ဆီးဘက်က ခေါ်ယူဖို့ ဖျက်သိမ်းလိုက်တဲ့ လိစ်ဒ်ယူနိုက်တက် ကစားသမား တေလာ အဒမ်ကို ကြိုးစားနိုင်ပါတယ်။

ချူအာမီနီကို ခေါ်ယူနိုင်မလား အခြေအနေအတွက် ရီးရဲလ်မက်ဒရစ်ထံ မေးမြန်းမှု လုပ်ခဲ့ပေမယ့်လို့ ပြင်သစ်သားဟာ သူတို့အသင်းရဲ့ ရေရှည် စီမံကိန်းဖြစ်ကြောင်း လာလီဂါကလပ်က တုန့်ပြန်ပါတယ်။

ယာဂင်ကလော့ပ် လူစားလဲခဲ့ခြင်းအပေါ် မကျေနပ်ကြောင်း ပြသခဲ့တဲ့ ဆာလာကို ခေါ်ယူရေး ကြိုးစားဖို့ ဆော်ဒီကလပ် Al Ittihad အသင်း ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။

လီဗာပူးရဲ့ ကွင်းလယ် ပစ်မှတ်တွေထဲ ဖီအိုရင်တီးနားမှ အမရာဘတ်နဲ့ ပဲလေစ့်မှ ဒူကူရေတို့ ပါဝင်ပေမယ့် တရားဝင် ကမ်းလှမ်းမှု မစတင်သေးပါဘူး။

Al-Ittihad အသင်းရဲ့ ပွဲမှာ ဖာဘင်ညိုရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် ပရိသတ် တစ်ဦးက Rolex နာရီတစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။

မနှစ်ကနွေမှာ အာဂျင်တီးနားကလပ်ကနေ အန်ဇို ဖာနန်ဒက်စ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူဖို့ လီဗာပူးအသင်း ကမ်းလှမ်းခံရပေမယ့် ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဟာ ဘင်ဖီကာကို ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ ကမ္ဘာ့ဖလား ချန်ပီယံနဲ့ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာပါတယ်။

ပီအက်စ်ဗီ ကွင်းလယ်လူ ဆန်ဂါရေးနဲ့ နီးစပ်သူတွေကတော့ အိုင်ဗရီကိုစ့် ကစားသမားကို ခေါ်ယူဖို့ လီဗာပူး၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ အပြိုင်အဆိုင် ကြိုးစားနေတာလို့ ဖော်ပြပါတယ်။

ကွင်းလယ်လူဟောင်း ချိန်ဘာလိန်ဟာ တူရကီကလပ် ဘက်ဆစ်တက် အသင်းထံ ၃ နှစ်စာချုပ်ဖြင့် ရောက်ရှိသွားပါပြီ။